သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ ၂၀ ေက်ာ္နဲ႔ မူးယစ္ေဆးဝါးတခ်ဳိ ႔ ထိုင္း-ျမန္မာနယ္စပ္မွာ ဖမ္းမိ


ထိုင္း-ျမန္မာနယ္စပ္မွာ ဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံသားမ်ား (ဓါတ္ပံု - ထိုင္းရဲတပ္ဖြဲ႔)

ထိုင္းျမန္မာနယ္စပ္ ပရာကြၽတ္ခီရီကန္ျပည္နယ္၊ မင္ၿမိဳ႕နယ္ ေတာလမ္းတေနရာမွာ တရားမဝင္နယ္စပ္ျဖတ္ၿပီး မေလးရွားႏိုင္ငံကို သြားၾကမယ့္ ျမန္မာ၂၀ ေက်ာ္နဲ႔အတူ မူးယစ္ေဆးဝါးတခ်ဳိ ႔ကို ထိုင္းနယ္ေျမ လုံျခဳံေရး အာဏာပိုင္ေတြက မတ္လ ၁၀ ရက္ေန႔က ဖမ္းဆီးခဲ့ပါတယ္။ အလားတူ တာ့ခ္ခ႐ိုင္တြင္းက မဲ့က်ေလာင္းေက်း႐ြာမွာလည္း ျမန္မာတဦး အဖမ္းခံခဲ့ရပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ ေမအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ ပရာကြၽတ္ခီရီကန္ျပည္နယ္ မင္ၿမိဳ႕နယ္ ေအာင္ဝ္ႏြဲေက်း႐ြာ အုပ္စု ၅ နယ္ေျမ ေတာလမ္းတေနရာမွာ လူပြဲစားေတြနဲ႔အတူ ျမန္မာႏိုင္ငံသားေတြ ဖမ္းဆီးခံရတာပါ။ ဒီထဲက တဦးကေတာ့ မူးယစ္ေဆးဝါးေတြပါ သယ္ေဆာင္လာတဲ့အတြက္ တရားမဝင္ ခိုးဝင္မႈ၊ မူးယစ္ေဆးဝါးအမႈေတြနဲ႔ အေရးယူခံရမွာျဖစ္တယ္လို႔ ျမန္မာျပည္သားအေရး ပူးတြဲလႈပ္႐ွားမႈေကာ္မတီရဲ႕ ဥကၠ႒ ဦးမိုးႀကိဳးက အခုလို ေျပာပါတယ္။

"ေဒသခံလုံျခဳံေရး တပ္ဖြဲ႔ေတြက ပရာကြၽတ္ခီရီကန္ မင္ၿမိဳ႕နယ္ထဲက ေတာလမ္းကင္းလွည့္ေနတုန္း တရားမဝင္ျမန္မာ ၁၈ ေယာက္နဲ႔ လမ္းျပ ၃ ေယာက္ကို စုစုေပါင္း ၂၁ ေယာက္ ဖမ္းမိပါတယ္။ ေယာက်္ားေလးက ၁၁ ေယာက္၊ မိန္းကေလးက ၇ ေယာက္၊ လမ္းျပက ၃ ေယာက္ပါ။ သူတို႔ေတြဟာ ျမန္မာႏိုင္ငံေန ေနျပည္ေတာ္၊ မႏၲေလးတို႔ကေန လာၾကၿပီး ထိုင္းႏိုင္ငံ ပရာကြၽတ္ခီရီကန္ကိုျဖတ္ၿပီး မေလး႐ွားႏိုင္ငံထိ ခရီး႐ွည္သြားဖို႔ ရည္႐ြယ္ၾကတယ္လို႔ ထြက္ဆိုၾကပါတယ္။ အဲဒီထဲက ေအာင္ပိုင္ဆိုသူ တေယာက္ရဲ႕ ေက်ာပိုးအိပ္က ပုံမွန္ထက္ေလးတာေၾကာင့္ စစ္ေဆးရာမွာေတာ့ မူးယစ္ေဆး ၁ ကီလို နဲ႔စိတ္ႂကြေဆး ၂ ေထာင္ဖမ္းမိပါတယ္။

အလားတူ မေန႔က တေန႔တည္းမွာပဲ တာခ့္ျပည္နယ္ မဲလမၿမိဳ႕နယ္ မဲ့က်ေလာင္းေက်း႐ြာမွာ ထိုင္းစစ္တပ္က ကင္းလွည့္ေနတုန္း တရားမဝင္ ျမန္မာေတြ လိုက္ပါလာတဲ့ ကားတစီးကို ေတြ႔ခဲ့ပါတယ္။ စစ္တပ္က ဖမ္းဆီးဖို႔ လုပ္ခ်ိန္မွာ ကားေပၚပါလာသူ တခ်ဳိ ႔က ေသာင္ရင္းျမစ္ကိုျဖတ္ၿပီး ထြက္ေျပးသြားခဲ့တယ္လို႔ အမွတ္ (၃၅၀၁) ေျချမန္တပ္ရင္းက ထုန္ျပန္ခဲ့ပါတယ္။ ဒီထဲက တေယာက္ကို ဖမ္းမိခဲ့တယ္လို႔လည္း ဦးမိုးႀကိဳးက ေျပာပါတယ္။

တရားမဝင္ ျမန္မာ ၁၀ ေယာက္ လိုက္ပါလာတဲ့ကားကို ထိုင္းစစ္တပ္က ဖမ္းတဲ့အခါမွာ ကားေနာက္ခန္းသူေတြက ထြက္ေျပးသြားတယ္။ ျမန္မာ ၉ ေယာက္က ထြက္ေျပးသြားၿပီး ကားေ႐ွ႕ခန္းမွာ ထိုင္ေနတဲ့ ျမန္မာတေယာက္ကိုပဲ ဖမ္းမိခဲ့ပါတယ္။

အခုရက္ပိုင္းမွာပဲ ထိုင္းျမန္မာနယ္စပ္ကတဆင့္ မေလး႐ွားထဲ ခိုးဝင္ဖို႔ႀကိဳးစားတဲ့ ျမန္မာေတြကို တရက္ျခားနီးပါးေလာက္ ဖမ္းမိေနၿပီး အမ်ားစုကေတာ့ ျမန္မာႏိုင္ငံမွာ အလုပ္အကိုင္ ႐ွားပါးမႈ၊ ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရး မတည္ၿငိမ္မူေတြေၾကာင့္ ထြက္ေျပးလာၾကသူေတြ ျဖစ္ပါတယ္။

==== Unicode ======

ထိုင်းမြန်မာနယ်စပ် ပရာကျွတ်ခီရီကန်ပြည်နယ်၊ မင်မြို့နယ် တောလမ်းတနေရာမှာ တရားမဝင်နယ်စပ်ဖြတ်ပြီး မလေးရှားနိုင်ငံကို သွားကြမယ့် မြန်မာ၂၀ ကျော်နဲ့အတူ မူးယစ်ဆေးဝါးတချို့ကို ထိုင်းနယ်မြေ လုံခြုံရေး အာဏာပိုင်တွေက မတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ အလားတူ တာ့ခ်ခရိုင်တွင်းက မဲ့ကျလောင်းကျေးရွာမှာလည်း မြန်မာတဦး အဖမ်းခံခဲ့ရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မေအးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ပရာကျွတ်ခီရီကန်ပြည်နယ် မင်မြို့နယ် အောင်ဝ်နွဲကျေးရွာ အုပ်စု ၅ နယ်မြေ တောလမ်းတနေရာမှာ လူပွဲစားတွေနဲ့အတူ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာပါ။ ဒီထဲက တဦးကတော့ မူးယစ်ဆေးဝါးတွေပါ သယ်ဆောင်လာတဲ့အတွက် တရားမဝင် ခိုးဝင်မှု၊ မူးယစ်ဆေးဝါးအမှုတွေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလို ပြောပါတယ်။

"ဒေသခံလုံခြုံရေး တပ်ဖွဲ့တွေက ပရာကျွတ်ခီရီကန် မင်မြို့နယ်ထဲက တောလမ်းကင်းလှည့်နေတုန်း တရားမဝင်မြန်မာ ၁၈ ယောက်နဲ့ လမ်းပြ ၃ ယောက်ကို စုစုပေါင်း ၂၁ ယောက် ဖမ်းမိပါတယ်။ ယောက်ျားလေးက ၁၁ ယောက်၊ မိန်းကလေးက ၇ ယောက်၊ လမ်းပြက ၃ ယောက်ပါ။ သူတို့တွေဟာ မြန်မာနိုင်ငံနေ နေပြည်တော်၊ မန္တလေးတို့ကနေ လာကြပြီး ထိုင်းနိုင်ငံ ပရာကျွတ်ခီရီကန်ကိုဖြတ်ပြီး မလေးရှားနိုင်ငံထိ ခရီးရှည်သွားဖို့ ရည်ရွယ်ကြတယ်လို့ ထွက်ဆိုကြပါတယ်။ အဲဒီထဲက အောင်ပိုင်ဆိုသူ တယောက်ရဲ့ ကျောပိုးအိပ်က ပုံမှန်ထက်လေးတာကြောင့် စစ်ဆေးရာမှာတော့ မူးယစ်ဆေး ၁ ကီလို နဲ့စိတ်ကြွဆေး ၂ ထောင်ဖမ်းမိပါတယ်။

အလားတူ မနေ့က တနေ့တည်းမှာပဲ တာခ့်ပြည်နယ် မဲလမမြို့နယ် မဲ့ကျလောင်းကျေးရွာမှာ ထိုင်းစစ်တပ်က ကင်းလှည့်နေတုန်း တရားမဝင် မြန်မာတွေ လိုက်ပါလာတဲ့ ကားတစီးကို တွေ့ခဲ့ပါတယ်။ စစ်တပ်က ဖမ်းဆီးဖို့ လုပ်ချိန်မှာ ကားပေါ်ပါလာသူ တချို့က သောင်ရင်းမြစ်ကိုဖြတ်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ အမှတ် (၃၅၀၁) ခြေမြန်တပ်ရင်းက ထုန်ပြန်ခဲ့ပါတယ်။ ဒီထဲက တယောက်ကို ဖမ်းမိခဲ့တယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

တရားမဝင် မြန်မာ ၁၀ ယောက် လိုက်ပါလာတဲ့ကားကို ထိုင်းစစ်တပ်က ဖမ်းတဲ့အခါမှာ ကားနောက်ခန်းသူတွေက ထွက်ပြေးသွားတယ်။ မြန်မာ ၉ ယောက်က ထွက်ပြေးသွားပြီး ကားရှေ့ခန်းမှာ ထိုင်နေတဲ့ မြန်မာတယောက်ကိုပဲ ဖမ်းမိခဲ့ပါတယ်။

အခုရက်ပိုင်းမှာပဲ ထိုင်းမြန်မာနယ်စပ်ကတဆင့် မလေးရှားထဲ ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာတွေကို တရက်ခြားနီးပါးလောက် ဖမ်းမိနေပြီး အများစုကတော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှု၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး မတည်ငြိမ်မူတွေကြောင့် ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။

XS
SM
MD
LG