သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပႆနာေပၚတဲ့ Silicon Valley ဘဏ္ကို အစိုးရ ဝင္ထိန္း


People stand outside of an entrance to Silicon Valley Bank in Santa Clara, California, March 10, 2023.

အေမရိကန္ ထိပ္တန္းဘဏ္ႀကီးတစ္ခုမွာ ေငြစုသူေတြ အေလာတႀကီး စုၿပံဳေငြျပန္ထုတ္ၾကရာကေန အခက္ၾကဳံၿပီး၊ အစိုးရက ဘဏ္ကိုပိတ္ၿပီး ဝင္ထိန္းရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

အေမရိကန္ရဲ႕ ၁၆ ခုေျမာက္ အႀကီးဆုံးဘဏ္ျဖစ္တဲ့ Silicon Valley ဘဏ္ႀကီးမွာ လက္က်န္ေငြ သိပ္မ႐ွိေတာ့ဘူးဆိုတဲ့ စိုးရိမ္ခ်က္ေတြနဲ႔ ဘဏ္စာရင္းဖြင့္ထားသူေတြက အခုတပတ္အတြင္းမွာ ေငြေတြ စုျပဳံျပန္ထုတ္ခဲ့ၾကတာပါ။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေက်ာ္ ၂၀၀၈ ခုႏွစ္ ဘဏ္လုပ္ငန္းေတြ ၿပိဳလဲၿပီး ဘ႑ာေငြေၾကး အက်ပ္အတည္း ၾကဳံခဲ့ရခ်ိန္က Washington Mutual ဘဏ္ႀကီး အသိမ္းခံရတဲ့ ျဖစ္ရပ္ေနာက္ပိုင္းမွာ အခုျဖစ္ရပ္က အႀကီးမားဆုံး ဘ႑ာေငြေၾကးလုပ္ငန္းႀကီး ၿပိဳလဲမႈ ျဖစ္ပါတယ္။ နည္းပညာဆိုင္ရာ စြန္႔ဦးတီထြင္သူေတြ အမ်ားစု ေငြေခ်း၊ အပ္ႏွံထားတဲ့ Silicon Valley ဘဏ္ႀကီးကို ပိတ္သိမ္းလိုက္ရတဲ့အေပၚ၊ အေမရိကန္ စီးပြားေရးေကာင္စီ အၾကံေပးအဖြဲ႔ဥကၠ႒ Cecilia Rouse က အခုလို ေျပာပါတယ္။

“အေမရိကန္ရဲ႕ ဘဏ္စနစ္ဟာ အေျခခံအားျဖင့္ အရင္နဲ႔ ကြာျခားသြားပါၿပီ။ ဘာလို႔လဲဆိုေတာ့ ၂၀၀၈ ခုႏွစ္မွာ အေျပာင္းအလဲေတြ လုပ္ခဲ့တာေၾကာင့္ပါ။ ဥပမာျပရရင္ ဘဏ္ေတြအေနနဲ႔ မတည္ေငြေတြ ပိုထိန္းထားဖို႔ လိုလာတယ္။ အတင္းအက်ပ္ ဖိအားေပး စမ္းသပ္စစ္ေဆးမႈေတြကိုလည္း ေက်ာ္လႊားႏိုင္မွရတယ္။” လို႔ အေမရိကန္ စီးပြားေရးေကာင္စီ အၾကံေပးအဖြဲ႔ဥကၠ႒ Cecilia Rouse က ေျပာသြားတာပါ။

အခုလို မထင္မွတ္ထားတဲ့ အေျခအေနမ်ိဳး ႐ုတ္တရက္ ၾကဳံလာရတဲ့အခါ ႀက့ံႀကံ့ခံရပ္တည္ ကိုင္တြယ္ႏိုင္တဲ့ ဘဏ္စနစ္မ်ိဳး ပိုၿပီးအားေကာင္းလာေအာင္ တည္ေဆာက္ၾကရမယ္လို႔လည္း သူက ေျပာပါတယ္။ ဘဏ္စည္းမ်ဥ္းစည္းကမ္း ႀကီးၾကပ္သူေတြအေနနဲ႔ ဒီလိုလုပ္ေဆာင္ႏိုင္တဲ့ နည္းလမ္းေတြ ႐ွိတယ္လို႔ အခိုင္အမာ ယုံၾကည္ထားတဲ့အေၾကာင္းလည္း အေမရိကန္ စီးပြားေရးေကာင္စီ အၾကံေပးအဖြဲ႔ဥကၠ႒ Cecilia Rouse က ေျပာဆိုပါတယ္။

====Unicode ====

အမေရိကန် ထိပ်တန်းဘဏ်ကြီးတစ်ခုမှာ ငွေစုသူတွေ အလောတကြီး စုပြုံငွေပြန်ထုတ်ကြရာကနေ အခက်ကြုံပြီး၊ အစိုးရက ဘဏ်ကိုပိတ်ပြီး ဝင်ထိန်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ၁၆ ခုမြောက် အကြီးဆုံးဘဏ်ဖြစ်တဲ့ Silicon Valley ဘဏ်ကြီးမှာ လက်ကျန်ငွေ သိပ်မရှိတော့ဘူးဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ ဘဏ်စာရင်းဖွင့်ထားသူတွေက အခုတပတ်အတွင်းမှာ ငွေတွေ စုပြုံပြန်ထုတ်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် ၂၀၀၈ ခုနှစ် ဘဏ်လုပ်ငန်းတွေ ပြိုလဲပြီး ဘဏ္ဍာငွေကြေး အကျပ်အတည်း ကြုံခဲ့ရချိန်က Washington Mutual ဘဏ်ကြီး အသိမ်းခံရတဲ့ ဖြစ်ရပ်နောက်ပိုင်းမှာ အခုဖြစ်ရပ်က အကြီးမားဆုံး ဘဏ္ဍာငွေကြေးလုပ်ငန်းကြီး ပြိုလဲမှု ဖြစ်ပါတယ်။ နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူတွေ အများစု ငွေချေး၊ အပ်နှံထားတဲ့ Silicon Valley ဘဏ်ကြီးကို ပိတ်သိမ်းလိုက်ရတဲ့အပေါ်၊ အမေရိကန် စီးပွားရေးကောင်စီ အကြံပေးအဖွဲ့ဥက္ကဋ္ဌ Cecilia Rouse က အခုလို ပြောပါတယ်။

“အမေရိကန်ရဲ့ ဘဏ်စနစ်ဟာ အခြေခံအားဖြင့် အရင်နဲ့ ကွာခြားသွားပါပြီ။ ဘာလို့လဲဆိုတော့ ၂၀၀၈ ခုနှစ်မှာ အပြောင်းအလဲတွေ လုပ်ခဲ့တာကြောင့်ပါ။ ဥပမာပြရရင် ဘဏ်တွေအနေနဲ့ မတည်ငွေတွေ ပိုထိန်းထားဖို့ လိုလာတယ်။ အတင်းအကျပ် ဖိအားပေး စမ်းသပ်စစ်ဆေးမှုတွေကိုလည်း ကျော်လွှားနိုင်မှရတယ်။” လို့ အမေရိကန် စီးပွားရေးကောင်စီ အကြံပေးအဖွဲ့ဥက္ကဋ္ဌ Cecilia Rouse က ပြောသွားတာပါ။

အခုလို မထင်မှတ်ထားတဲ့ အခြေအနေမျိုး ရုတ်တရက် ကြုံလာရတဲ့အခါ ကြံ့ကြံ့ခံရပ်တည် ကိုင်တွယ်နိုင်တဲ့ ဘဏ်စနစ်မျိုး ပိုပြီးအားကောင်းလာအောင် တည်ဆောက်ကြရမယ်လို့လည်း သူက ပြောပါတယ်။ ဘဏ်စည်းမျဉ်းစည်းကမ်း ကြီးကြပ်သူတွေအနေနဲ့ ဒီလိုလုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်လို့ အခိုင်အမာ ယုံကြည်ထားတဲ့အကြောင်းလည်း အမေရိကန် စီးပွားရေးကောင်စီ အကြံပေးအဖွဲ့ဥက္ကဋ္ဌ Cecilia Rouse က ပြောဆိုပါတယ်။

XS
SM
MD
LG