သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတငြ္း ခုခံေရးလႈပ္ရွားမႈနဲ႔ AA တပ္ အခန္းက႑ ပညာရွင္ေတြ ေဆြးေႏြး


"စစ္တပ္အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိ္ုင္ငံတြင္း ခုခံေရးလႈပ္ရွားမႈနဲ႔ AA တပ္ရဲ႕အခန္းက႑" အေၾကာင္း Stimson မူဝါဒေလ့လာေရးအဖြဲ႔ On-line ေဆြးေႏြးပြဲ

=== [[ ZAWGYI ]] ===

ျမန္မာႏိုင္ငံတြင္း ခုခံေရးလႈပ္ရွားမႈနဲ႔ AA တပ္အခန္းက႑ ပညာရွင္ေတြ ေဆြးေႏြး


AA ရခိုင္တပ္ေတာ္နဲ႔ စစ္ေကာင္စီတပ္ေတြၾကား အလြတ္သေဘာ အပစ္ရပ္ထားေပမဲ့၊ လက္ရွိမွာ ၂ ဘက္လံုးက စစ္အင္အားတိုးခ်ဲ.ေနၿပီး ျပန္ျဖစ္လာႏိုင္တဲ့ တိုက္ပြဲအတြက္ ျပင္ေနပံုရတယ္လို႔ "စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိ္ုင္ငံတြင္း ခုခံေရးလႈပ္ရွားမႈနဲ႔ AA တပ္ရဲ႕ အခန္းက႑" အေၾကာင္း အေမရိကန္ႏိုင္ငံ ဝါရွင္တန္ အေျခစိုက္ Stimson Center မူဝါဒေလ့လာေရးအဖြဲ႔ On-line ေဆြးေႏြးပြဲမွာ သုေတသီေတြက တင္ျပခဲ့ပါတယ္။

အာဏာသိမ္းေနာက္ပိုင္းေပၚလာတဲ့ ေဒသခံတပ္ေတြကို ကူညီေနတဲ့ AA ဟာတိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ မဟာမိတ္ျဖစ္သလို အိမ္နီးခ်င္းတိုင္းျပည္ေတြနဲ႔ပါ ဆက္ဆံေရးတခ်ိဳ.ရွိလာေနတယ္ လို႔လည္း တင္ျပၾကပါတယ္။ ဒီ ေဆြးေႏြးပြဲ တက္ခဲ့တဲ့ ကိုဝင္းမင္းက ေျပာျပေပးမွာပါ။

ဟုတ္ကဲ့။ မေန႔က လုပ္တဲ့ AA တပ္အခန္းက႑နဲ႔ ခုခံေရးလႈပ္ရွားမႈ အနာဂတ္အေၾကာင္းေဆြးေႏြးပဲြမွာ ဦးေဆာင္ ေမးျမန္းသူ Stimson Center အဖြဲ႔က အေရွ႕အာရွအစီအစဥ္ ပူးတြဲ ၫႊန္ၾကားေရးမွဴး Yun Sun က -

" စစ္အာဏာသိမ္း ခုခံတိုက္ခိုက္မႈေတြက အခု ၂ ႏွစ္ရွိလာခ်ိန္မွာ၊ AA ရခိုင္စစ္တပ္အေနနဲ႔ အာဏာသိမ္းမႈကို ခုခံရင္ဆိုင္ေနတဲ့ ေဒသခံ PDF တပ္ေတြနဲ႔ ပူးေပါင္းလုပ္ကိုင္ေနတာေတြ၊ လတ္တေလာ အျပင္ေရာက္ေနတဲ့ NUG ယာယီအစိုးရနဲ႔ ေဆြးေႏြးတိုင္ပင္ေဆာင္ရြက္ေနတာေတြကို အားလံုးသိထားပါတယ္။ ဒါေၾကာင့္ AA အေနနဲ႔ ျမန္မာစစ္တပ္နဲ႔ အပစ္ရပ္ထားေပမဲ့၊ ေရွ.ေလွ်ာက္မွာလည္း ဒီ ခုခံကာကြယ္ေရးလႈပ္ရွားမႈေတြအတြက္ အေရးပါတဲ့ သက္ေရာက္မႈရွိလိမ့္မယ္လို႔ အမ်ားက ခန္႔မွန္းထားပါတယ္။ "

ဒီပဲြမွာ အဓိက ေဆြးေႏြးသူ ကိုေက်ာ္ဆန္းလႈိင္ကို AA နဲ႔ ျမန္မာစစ္တပ္ အပစ္ရပ္သေဘာတူမႈ ေနာက္ဆုံး အေျခအေနကို ေမးရာမွာ -

" AA နဲ႔ ျမန္မာစစ္တပ္အေနနဲ႔ အပစ္ရပ္ထားတာမ်ိဳးရွိေပမဲ့ သူတို႔ တဘက္နဲ႔တဘက္ မယံုၾကပါဘူး။ တိုင္ပင္တာမ်ိဳးမရွိပါဘူး။ AA အေနနဲ႔ သူတို႔အပစ္ရပ္ထားတာေရာ ျပန္တိုက္ရတာေရာက တျခား တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ မတူတာ တခ်ိဳ.ရွိေနတယ္လို႔ ေျပာေလ့ရွိပါတယ္။ ျမန္မာစစ္တပ္ကို တဦးတည္းေသာရန္သူနဲ႔ ဘံုရန္သူအျဖစ္ AA ဘက္က သေဘားထားပါတယ္။ ျမန္မာစစ္တပ္ဘက္က လုပ္ရပ္ကလည္း အလားတူ ရန္သူလိုပါပဲ။ ဒါေၾကာင့္လည္း AA အေနနဲ႔ စစ္အာဏာသိမ္းၿပီးကတည္းက ေျမာက္ပိုင္း ကခ်င္ KIA တပ္နဲ႔ျဖစ္တဲ့ တိုက္ပြဲေတြမွာ ဥပမာ အာဏာသိမ္းအၿပီး တလမွာျဖစ္ခဲ့တဲ့ ဖားကန္႔တိုက္ပြဲမ်ိဳးမွာ ဝင္ပါခဲ့ၿပီး တျခားေနရာေတြမွာလည္း ပါဝင္လာခဲ့ပါတယ္။ "

AA ရဲ႕ ေျမာက္ပိုင္း မဟာမိတ္ေတြျဖစ္တဲ့ တအာင္းပေလာင္ TNLA တပ္ဖြဲ႔ ၊ ကိုးကန္႔ MNDAA တပ္ဖြဲ႔ေတြနဲ႔လည္း အလားတူ AA နာမည္မခံပဲ ပူးေပါင္းေဆာင္ရြက္ေနၿပီး ေနာက္ပိုင္းေပၚလာတဲ့ ေဒသခံတပ္ေတြကိုလည္း စစ္ေရးအကူအညီ သင္တန္းေပးေနတယ္လို႔ ကိုေက်ာ္ဆန္းလႈိင္က ေျပာပါတယ္။ ဒီေနရာမွာ AA နဲ႔ ေရွ႕ဆက္ျဖစ္လာႏိုင္ေျခကို ေမးရာမွာ ကိုေက်ာ္ဆန္းလႈိင္က -

" AA နဲ႔ ျမန္မာစစ္တပ္တို႔ ရခိုင္ျပည္နယ္မွာ အခုလို အပစ္ရပ္ဆိုင္းထားဆဲျဖစ္ေပမယ့္ တကယ္တမ္း လက္ေတြ႔ေျမျပင္မွာေတာ့ သူတို႔ ၂ ဘက္လံုးက အင္အားျပန္စုေဆာင္းမူေတြသာ အဓိက လုပ္ေနတာပါ။ ျမန္မာစစ္တပ္ဘက္ကလည္း တပ္အင္အား တိုးခ်ဲ႕တာေတြ ရိကၡာစုေဆာင္းတာေတြ လုပ္ေနတဲ့ သတင္းေတြထြက္ေနပါတယ္။ တကယ္တမ္းက စစ္ျပန္တိုက္ဖို႔ ၂ ဘက္လံုးက ျပင္ေနတဲ့ စစ္ပြဲမဲ့ဆဲ သေဘာမ်ိဳးေတြ႔ရပါတယ္။ ဒါ့အျပင္ ျမန္မာစစ္တပ္အေနနဲ႔ ေဒသခံရခိုင္ျပည္သူေတြကို AA ရဲ့ အုပ္ခ်ဳပ္ေရးလုပ္ငန္းေတြမွာ ပူးေပါင္းေဆာင္ရြက္မႈမလုပ္ဖို႔ သတိေပးေနပါတယ္။ "

AA အဓိကရည္မွန္းထားတဲ့ အမ်ဳိးသားႏိုင္ငံေရးျဖစ္တဲ့ ၀တပ္ဖြဲ႔ ေတာင္းဆိုထားသလို Confederation စနစ္မ်ဳိးက NUG ရဲ႕ ဖက္ဒရယ္ခ်ာတာ ေအာက္မွာ ဆက္ေဆြးေႏြးႏိုင္ခြင့္ ရွိေပမဲ့၊ ျမန္မာစစ္တပ္နဲ႔ကေတာ့ ေဆြးေႏြးလို႔ေတာင္ မရႏိုင္ဘူးလို႔ ကိုေက်ာ္ဆန္းလႈိင္က ေထာက္ျပပါတယ္။

" AA လုပ္ေဆာင္ေနပံုေတြကို ၾကည့္ရတာက NUG ရဲ့ ေခါင္းေဆာင္မူဖက္ကို ေရြ႕လာႏိုင္မဲ့ အလားအလာမ်ိဳး ေတြ႔ေနရပါတယ္။ NUG နဲ႔ တင္မကပါဘူး တျခား ကခ်င္ KIO တို႔၊ တအာင္းပေလာင္ TNLA တို႔ ကရင္ KNU တို႔နဲ႔ အတူတကြ အာဏာမွ်ေဝၿပီး ပူးေပါင္းေနထိုင္ဖို႔ ျဖစ္ႏို္င္တဲ့ စနစ္မ်ိဳး က်ိဳးေၾကာင္းဆီေလွ်ာ္တာမ်ိဳးဖက္ကို ပိုသြားဖို႔ မ်ားပါတယ္။ ဒါမွလည္း ျငိမ္းခ်မ္းတဲ့ဖက္ကို ဦးတည္လာမွာေပါ့ေနာ္။ "

အိမ္းနီးခ်င္းႏိုင္ငံေတြနဲ႔ AA ရဲ႕ဆက္ဆံေရးကို ေမးရာမွာလည္း ႏိုင္ငံေရးဦးေဆာင္အဖြဲ႔ ULA ရွိတဲ့ AA အေနနဲ႔ ဆက္ဆံေရးတခ်ဳိ႕ စတင္ ထူေထာင္ထားၿပီလို႔ သူက ဆိုပါတယ္။

" ရခိုင္ႏိုင္ငံေရးသမားေတြအေနနဲ႔ အိႏိၵယနဲ႔ ဘဂၤလားေဒ့ရွ္တို႔နဲ႔ ဆက္သြယ္ေဆြးေႏြးတာတခ်ိဳ.ရွိပါတယ္။ ဒါေပမဲ့ ဒီ ဘဂၤလားေဒ့ရွိတို႔ အိႏိၵယတို႔က ျမန္မာႏိုင္ငံမွာ သမိုင္းတေလွ်ာက္ တကယ္ အာဏာရွိတာက ျမန္မာစစ္တပ္လို႔ ယံုၾကည္ထားၾကပံုရပါတယ္။ ဒီေန႔အခ်ိန္မွာလည္း သူတို႔ ျမန္မာစစ္တပ္နဲ႔ တရားဝင္ေတြ႔ဆံုေဆြးေႏြးေနၿပီး၊ ဥပမာ NUG မ်ိဳးနဲ႔ဆို တရားဝင္ေတြ႔တာ အမ်ားသိေအာင္ေတြ႔တာ လံုးဝ မေတြ႔ရေသးပါဘူး။ အိႏိၵယဘက္ကေန NUG နဲ႔ ေတြ႔တဲ့ ပံုေတြ ေဖာ္ျပတာ မေတြ႔ရပါဘူး။ တခ်ိန္ထဲမွာ အိႏိၵယဘက္ကေန ရခိုင္အဖြဲ႔ေတြနဲ႔ အတိုက္အခံေတြအေပၚ သံသယရွိသလို ရခိုင္နဲ႔အတို္က္အခံေတြကလည္း အိႏိၵယအေပၚ သံသယရွိပါတယ္။"

အခုလို အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ဆက္ဆံေရးဟာ တ႐ုတ္နဲ႔ဆက္ဆံေရးနဲ႔လည္း ဆင္တူတယ္လို႔ တ႐ုတ္-ျမန္မာအေရး ကၽြမ္းက်င္သူ Yun Sun က ေထာက္ျပပါတယ္။

" ဒီအေျခအေနက တရုတ္ရဲ့ မဟာဗ်ဴဟာနဲ႔လည္း အမ်ားႀကီး တူေနပံုပါပဲ။ တရုတ္အေနနဲ႔က ျမန္မာစစ္တပ္နဲ႔လည္း ဆက္ဆံေရးေကာင္းတယ္၊ တခ်ိန္ထဲမွာ တရုတ္-ျမန္မာနဲ႔ နယ္စပ္မွာရွိေနတဲ့ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ ဆက္ဆံေရးကိုလည္း အျမဲတမ္း ထိန္းထားတယ္။ "

AA ရဲ႕အဓိက စိန္ေခၚခ်က္ေတြက တ႐ုတ္အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံႀကီးေတြရဲ႕ စီးပြားေရး စီမံကိန္းႀကီးေတြနဲ႔ ႏိုင္ငံတကာက ဖိအားေပးေနတဲ့ ႐ိုဟင္ဂ်ာ ျပန္လည္လက္ခံေရး စီမံခ်က္ေတြလည္း ပါတယ္လို႔ ကိုေက်ာ္ဆန္းလႈိင္က ေထာက္ျပပါတယ္။ AA ရဲ႕အခန္းက႑၊ လက္ရွိ အပစ္ရပ္ေရးနဲ႔ ႐ိုဟင္ဂ်ာျပန္လည္လက္ခံေရး အစီအစဥ္ေတြေပၚ AA ေျပာခြင့္ရနဲ႔ စစ္ေကာင္စီေျပာခြင့္ရ သူတို႔ကို ဆက္သြယ္ဖို႔ ၾကဳိးစားခဲ့ေပမဲ့ လက္ခံေျဖဆိုတာမ်ဳိး မရွိေသးပါဘူးခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

မြန်မာနိုင်ငံတွင်း ခုခံရေးလှုပ်ရှားမှုနဲ့ AA တပ်အခန်းကဏ္ဍ ပညာရှင်တွေ ဆွေးနွေး


AA ရခိုင်တပ်တော်နဲ့ စစ်ကောင်စီတပ်တွေကြား အလွတ်သဘော အပစ်ရပ်ထားပေမဲ့၊ လက်ရှိမှာ ၂ ဘက်လုံးက စစ်အင်အားတိုးချဲ.နေပြီး ပြန်ဖြစ်လာနိုင်တဲ့ တိုက်ပွဲအတွက် ပြင်နေပုံရတယ်လို့ "စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း ခုခံရေးလှုပ်ရှားမှုနဲ့ AA တပ်ရဲ့ အခန်းကဏ္ဍ" အကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန် အခြေစိုက် Stimson Center မူဝါဒလေ့လာရေးအဖွဲ့ On-line ဆွေးနွေးပွဲမှာ သုတေသီတွေက တင်ပြခဲ့ပါတယ်။

အာဏာသိမ်းနောက်ပိုင်းပေါ်လာတဲ့ ဒေသခံတပ်တွေကို ကူညီနေတဲ့ AA ဟာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဖြစ်သလို အိမ်နီးချင်းတိုင်းပြည်တွေနဲ့ပါ ဆက်ဆံရေးတချို.ရှိလာနေတယ် လို့လည်း တင်ပြကြပါတယ်။ ဒီ ဆွေးနွေးပွဲ တက်ခဲ့တဲ့ ကိုဝင်းမင်းက ပြောပြပေးမှာပါ။

ဟုတ်ကဲ့။ မနေ့က လုပ်တဲ့ AA တပ်အခန်းကဏ္ဍနဲ့ ခုခံရေးလှုပ်ရှားမှု အနာဂတ်အကြောင်းဆွေးနွေးပွဲမှာ ဦးဆောင် မေးမြန်းသူ Stimson Center အဖွဲ့က အရှေ့အာရှအစီအစဉ် ပူးတွဲ ညွှန်ကြားရေးမှူး Yun Sun က -

" စစ်အာဏာသိမ်း ခုခံတိုက်ခိုက်မှုတွေက အခု ၂ နှစ်ရှိလာချိန်မှာ၊ AA ရခိုင်စစ်တပ်အနေနဲ့ အာဏာသိမ်းမှုကို ခုခံရင်ဆိုင်နေတဲ့ ဒေသခံ PDF တပ်တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေ၊ လတ်တလော အပြင်ရောက်နေတဲ့ NUG ယာယီအစိုးရနဲ့ ဆွေးနွေးတိုင်ပင်ဆောင်ရွက်နေတာတွေကို အားလုံးသိထားပါတယ်။ ဒါကြောင့် AA အနေနဲ့ မြန်မာစစ်တပ်နဲ့ အပစ်ရပ်ထားပေမဲ့၊ ရှေ.လျှောက်မှာလည်း ဒီ ခုခံကာကွယ်ရေးလှုပ်ရှားမှုတွေအတွက် အရေးပါတဲ့ သက်ရောက်မှုရှိလိမ့်မယ်လို့ အများက ခန့်မှန်းထားပါတယ်။ "

ဒီပွဲမှာ အဓိက ဆွေးနွေးသူ ကိုကျော်ဆန်းလှိုင်ကို AA နဲ့ မြန်မာစစ်တပ် အပစ်ရပ်သဘောတူမှု နောက်ဆုံး အခြေအနေကို မေးရာမှာ -

" AA နဲ့ မြန်မာစစ်တပ်အနေနဲ့ အပစ်ရပ်ထားတာမျိုးရှိပေမဲ့ သူတို့ တဘက်နဲ့တဘက် မယုံကြပါဘူး။ တိုင်ပင်တာမျိုးမရှိပါဘူး။ AA အနေနဲ့ သူတို့အပစ်ရပ်ထားတာရော ပြန်တိုက်ရတာရောက တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မတူတာ တချို.ရှိနေတယ်လို့ ပြောလေ့ရှိပါတယ်။ မြန်မာစစ်တပ်ကို တဦးတည်းသောရန်သူနဲ့ ဘုံရန်သူအဖြစ် AA ဘက်က သဘေားထားပါတယ်။ မြန်မာစစ်တပ်ဘက်က လုပ်ရပ်ကလည်း အလားတူ ရန်သူလိုပါပဲ။ ဒါကြောင့်လည်း AA အနေနဲ့ စစ်အာဏာသိမ်းပြီးကတည်းက မြောက်ပိုင်း ကချင် KIA တပ်နဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ ဥပမာ အာဏာသိမ်းအပြီး တလမှာဖြစ်ခဲ့တဲ့ ဖားကန့်တိုက်ပွဲမျိုးမှာ ဝင်ပါခဲ့ပြီး တခြားနေရာတွေမှာလည်း ပါဝင်လာခဲ့ပါတယ်။ "

AA ရဲ့ မြောက်ပိုင်း မဟာမိတ်တွေဖြစ်တဲ့ တအာင်းပလောင် TNLA တပ်ဖွဲ့ ၊ ကိုးကန့် MNDAA တပ်ဖွဲ့တွေနဲ့လည်း အလားတူ AA နာမည်မခံပဲ ပူးပေါင်းဆောင်ရွက်နေပြီး နောက်ပိုင်းပေါ်လာတဲ့ ဒေသခံတပ်တွေကိုလည်း စစ်ရေးအကူအညီ သင်တန်းပေးနေတယ်လို့ ကိုကျော်ဆန်းလှိုင်က ပြောပါတယ်။ ဒီနေရာမှာ AA နဲ့ ရှေ့ဆက်ဖြစ်လာနိုင်ခြေကို မေးရာမှာ ကိုကျော်ဆန်းလှိုင်က -

" AA နဲ့ မြန်မာစစ်တပ်တို့ ရခိုင်ပြည်နယ်မှာ အခုလို အပစ်ရပ်ဆိုင်းထားဆဲဖြစ်ပေမယ့် တကယ်တမ်း လက်တွေ့မြေပြင်မှာတော့ သူတို့ ၂ ဘက်လုံးက အင်အားပြန်စုဆောင်းမူတွေသာ အဓိက လုပ်နေတာပါ။ မြန်မာစစ်တပ်ဘက်ကလည်း တပ်အင်အား တိုးချဲ့တာတွေ ရိက္ခာစုဆောင်းတာတွေ လုပ်နေတဲ့ သတင်းတွေထွက်နေပါတယ်။ တကယ်တမ်းက စစ်ပြန်တိုက်ဖို့ ၂ ဘက်လုံးက ပြင်နေတဲ့ စစ်ပွဲမဲ့ဆဲ သဘောမျိုးတွေ့ရပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ ဒေသခံရခိုင်ပြည်သူတွေကို AA ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုမလုပ်ဖို့ သတိပေးနေပါတယ်။ "

AA အဓိကရည်မှန်းထားတဲ့ အမျိုးသားနိုင်ငံရေးဖြစ်တဲ့ ဝတပ်ဖွဲ့ တောင်းဆိုထားသလို Confederation စနစ်မျိုးက NUG ရဲ့ ဖက်ဒရယ်ချာတာ အောက်မှာ ဆက်ဆွေးနွေးနိုင်ခွင့် ရှိပေမဲ့၊ မြန်မာစစ်တပ်နဲ့ကတော့ ဆွေးနွေးလို့တောင် မရနိုင်ဘူးလို့ ကိုကျော်ဆန်းလှိုင်က ထောက်ပြပါတယ်။

" AA လုပ်ဆောင်နေပုံတွေကို ကြည့်ရတာက NUG ရဲ့ ခေါင်းဆောင်မူဖက်ကို ရွေ့လာနိုင်မဲ့ အလားအလာမျိုး တွေ့နေရပါတယ်။ NUG နဲ့ တင်မကပါဘူး တခြား ကချင် KIO တို့၊ တအာင်းပလောင် TNLA တို့ ကရင် KNU တို့နဲ့ အတူတကွ အာဏာမျှဝေပြီး ပူးပေါင်းနေထိုင်ဖို့ ဖြစ်နိုင်တဲ့ စနစ်မျိုး ကျိုးကြောင်းဆီလျှော်တာမျိုးဖက်ကို ပိုသွားဖို့ များပါတယ်။ ဒါမှလည်း ငြိမ်းချမ်းတဲ့ဖက်ကို ဦးတည်လာမှာပေါ့နော်။ "

အိမ်းနီးချင်းနိုင်ငံတွေနဲ့ AA ရဲ့ဆက်ဆံရေးကို မေးရာမှာလည်း နိုင်ငံရေးဦးဆောင်အဖွဲ့ ULA ရှိတဲ့ AA အနေနဲ့ ဆက်ဆံရေးတချို့ စတင် ထူထောင်ထားပြီလို့ သူက ဆိုပါတယ်။

" ရခိုင်နိုင်ငံရေးသမားတွေအနေနဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဆက်သွယ်ဆွေးနွေးတာတချို.ရှိပါတယ်။ ဒါပေမဲ့ ဒီ ဘင်္ဂလားဒေ့ရှိတို့ အိန္ဒိယတို့က မြန်မာနိုင်ငံမှာ သမိုင်းတလျှောက် တကယ် အာဏာရှိတာက မြန်မာစစ်တပ်လို့ ယုံကြည်ထားကြပုံရပါတယ်။ ဒီနေ့အချိန်မှာလည်း သူတို့ မြန်မာစစ်တပ်နဲ့ တရားဝင်တွေ့ဆုံဆွေးနွေးနေပြီး၊ ဥပမာ NUG မျိုးနဲ့ဆို တရားဝင်တွေ့တာ အများသိအောင်တွေ့တာ လုံးဝ မတွေ့ရသေးပါဘူး။ အိန္ဒိယဘက်ကနေ NUG နဲ့ တွေ့တဲ့ ပုံတွေ ဖော်ပြတာ မတွေ့ရပါဘူး။ တချိန်ထဲမှာ အိန္ဒိယဘက်ကနေ ရခိုင်အဖွဲ့တွေနဲ့ အတိုက်အခံတွေအပေါ် သံသယရှိသလို ရခိုင်နဲ့အတိုက်အခံတွေကလည်း အိန္ဒိယအပေါ် သံသယရှိပါတယ်။"

အခုလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ တရုတ်နဲ့ဆက်ဆံရေးနဲ့လည်း ဆင်တူတယ်လို့ တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ Yun Sun က ထောက်ပြပါတယ်။

" ဒီအခြေအနေက တရုတ်ရဲ့ မဟာဗျူဟာနဲ့လည်း အများကြီး တူနေပုံပါပဲ။ တရုတ်အနေနဲ့က မြန်မာစစ်တပ်နဲ့လည်း ဆက်ဆံရေးကောင်းတယ်၊ တချိန်ထဲမှာ တရုတ်-မြန်မာနဲ့ နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်ဆံရေးကိုလည်း အမြဲတမ်း ထိန်းထားတယ်။ "

AA ရဲ့အဓိက စိန်ခေါ်ချက်တွေက တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့ စီးပွားရေး စီမံကိန်းကြီးတွေနဲ့ နိုင်ငံတကာက ဖိအားပေးနေတဲ့ ရိုဟင်ဂျာ ပြန်လည်လက်ခံရေး စီမံချက်တွေလည်း ပါတယ်လို့ ကိုကျော်ဆန်းလှိုင်က ထောက်ပြပါတယ်။ AA ရဲ့အခန်းကဏ္ဍ၊ လက်ရှိ အပစ်ရပ်ရေးနဲ့ ရိုဟင်ဂျာပြန်လည်လက်ခံရေး အစီအစဉ်တွေပေါ် AA ပြောခွင့်ရနဲ့ စစ်ကောင်စီပြောခွင့်ရ သူတို့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ လက်ခံဖြေဆိုတာမျိုး မရှိသေးပါဘူးခင်ဗျာ။

XS
SM
MD
LG