သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲတွေ  မေလ ၁၄ ရက်နေ့ ကျင်းပမည်


ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ Ittiporn Boonpracong ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြေညာသည့် သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရစဉ် (မတ် ၂၁ဈ ၂၀၂၃)
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ Ittiporn Boonpracong ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြေညာသည့် သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရစဉ် (မတ် ၂၁ဈ ၂၀၂၃)

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲတွေကို လာမယ့်မေလ ၁၄ ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲသစ်တွေ ကျင်းပဖို့ လွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း ဝန်ကြီးချုပ်က ကြေညာအပြီး နောက်တရက်မှာပဲ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြေညာလိုက်တဲ့အကြောင်း ကော်မရှင်ဥက္ကဋ္ဌ Ittiporn Boonpracong ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြခဲ့တာပါ။
လက်ရှိဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာဦးဆောင်တဲ့ စစ်တပ်လိုလားသူ နိုင်ငံရေး အင်အားစုတွေနဲ့ ဘီလီယံနာသူဋ္ဌေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်မိသားစုကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကြား ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးကြမယ့် အချိန်မှာပဲ ရွေးကောက်ပွဲရက် အတိအကျ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ပရာရွတ်ကတော့ သူ့အစိုးရအဖွဲ့ ဆက်လက်အုပ်ချုပ်နေဆဲ ဖြစ်ပေမယ့် ရွေးကောက်ပွဲအတွက် ရှေ့ဆက်ရမယ့် အချိန်တန်ပြီလို့ ဒီနေ့အစောပိုင်းမှာပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲသစ်တွေအတွက် လနဲ့ချီပြင်ဆင်ထားတဲ့ နိုင်ငံရေးပါတီတွေ အခုအခါ စည်းရုံးရေး လုပ်ငန်းတွေကို အရှိန်မြှင့်ကြတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် အဓိကနိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ပေတုန်ထန် ရှင်နာဝပ် (မတ် ၉၊ ၂၀၂၃)
ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် အဓိကနိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ပေတုန်ထန် ရှင်နာဝပ် (မတ် ၉၊ ၂၀၂၃)

ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် အဓိကနိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ ဖွေထိုင် ပါတီကတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ပေတုန်ထန် ရှင်နာဝပ်ကို အသားပေးပြီး နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် စည်းရုံးရေးလုပ်ဖို့ ပြင်ဆင်ထားတာပါ။ ရွေးကောက်ပွဲအတွက် မကြာသေးခင်က လူထုစစ်တမ်းတွေမှာလည်း ဝန်ကြီးချုပ်ဟောင်းရဲ့ သမီးက လူကြိုက်အများဆုံးအဖြစ် ဦးဆောင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG