သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တောင်ပိုင်း လေဆင်နှာမောင်းကြောင့် လူ ၂၀ ကျော်သေဆုံး


Tornado aftermath in Silver City, MS
Tornado aftermath in Silver City, MS

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ Mississippi နဲ့ Alabama ပြည်နယ်တွေမှာ သောကြာနေ့ညက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ၂၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး၊ အဆောက်အဦး အများအပြား ပျက်စီးခဲ့သလို ထောင်နဲ့ချီတဲ့ နေအိမ်တွေ လျှပ်စစ်မီး ပြတ်တောက်နေကြပါတယ်။

ညက ဒလကြမ်းဝင်တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် Mississippi ပြည်နယ်က ၂၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Tate Reeves က သူ့ရဲ့ Twitter ပေါ်မှာ ဒီနေ့မနက် ရေးတင်ခဲ့ပါတယ်။ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြပြီး ရှာဖွေကယ်ဆယ်ရေးတွေလည်း ဆက်လုပ်နေတယ်လို့ သူကရေးသားခဲ့ပါတယ်။

အမေရိကန်မိုးလေဝသဌာနရဲ့ အပြောအရ Mississippi ပြည်နယ် Jackson မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၆၀ အကွာအဝေးလောက်အထိကို လေဆင်နှာမောင်းဒဏ်ခံခဲ့ရပြီး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ လေဆင်နှာမောင်းဟာ တနာရီ မိုင် ၇၀ နှုန်းနဲ့ Alabama ပြည်နယ်အထိ ပြင်းအားလျော့မသွားဘဲ ရွေ့လျားတိုက်ခတ်ခဲ့ပါတယ်။

=== Unicode ===




XS
SM
MD
LG