သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်နယ်မြေရှင်းနေတဲ့ မြင်းခြံမြို့နယ်ထဲ ရွာသားတွေဖမ်းဆီးခံရ


စစ်တပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းနေတဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာ ရွာသားတွေ ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဧပြီလ ၉ ရက်နေ့မှာပဲ မီးပေါက်ကျေးရွာက ၅ ယောက်၊ တည်ပင်ကျေးရွာက ၅ ယောက် စုစုပေါင်း ရွာသား ၁၀ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မြင်းခြံဒေသခံက ပြောပါတယ်။

ဒီနေ့ညနေပိုင်းမှာလည်း ပျိုးကန်ကျေးရွာထဲကိုဝင်ပြီး အလှူလုပ်ဖို့ ပြင်ဆင်နေတဲ့ အလှူရှင်တွေအပါအဝင် ဒေသခံ ၁၀ ဦးကို ဖမ်းဆီးသွားပါတယ်။ မြင်းခြံမြို့ပေါ်မှာရှိတဲ့ တပ်ထဲကို ခေါ်သွားပုံရတယ်လို့ အဲဒီဘက်က ဒေသခံတွေက VOA ကိုပြောပါတယ်။ မြင်းခြံမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းနေတဲ့ စစ်တပ်ဟာ ဧပြီ ၇ ရက်ကလည်း ညောင်ပင်ကျေးရွာက ဒေသခံ ၁၄ ဦးကို ဖမ်းဆီးသွားပြီး ပြန်လွတ်မြောက်ဖို့ တဦးကို ငွေကျပ် ၅ သိန်းစီပေးဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၈ ရက်ကတော့ ထိန်ပန်းကျေးရွာက ဒေသခံ ၁၈ ယောက်ကိုလမ်းပြအဖြစ် ခေါ်သွားပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

==== Unicode ===




XS
SM
MD
LG