သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးရွာ တိုက်ခိုက်မှု သူရဲဘောကြောင်တဲ့ လုပ်ရပ်အဖြစ် KIO ရှုတ်ချ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

စစ်ကောင်စီဟာ ပြည်သူတွေကို ရန်သူလိုသဘောထားပြီး အရပ်ဘက်၊ စစ်ဘက် မခွဲဘဲ အကြောင်းအမျိုးမျိုးနဲ့ စစ်ရေးပစ်မှတ်လို့ တိုက်ခိုက်နေတာဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ကချင်လက်နက်ကိုင် KIO အဖွဲ့က ပြောကြားလိုက်ပါတယ်။

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ KIO က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြီး ရှုတ်ချလိုက်တာ ဖြစ်ပါတယ်။ ဧပြီလ ၁၁ ရက်နေ့က တိုက်လေယာဉ်အပြင် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အများအပြားသေဆုံးခဲ့တဲ့အပေါ် မိသားစုတွေနဲ့ ထပ်တူကြေကွဲ ဝမ်းနည်းရတယ်လို့ KIO ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်ရေးပစ်မှတ် မဟုတ်တဲ့ ပြည်သူတွေ နေထိုင်တဲ့ ရပ်ရွာတွေအပေါ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာဟာ အလွန်စက်ဆုပ်ဖွယ်ကောင်းတဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ KIO က ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးက လွတ်မြောက်ဖို့ အမှန်တရာဘက်က ရပ်တည်ပြီး အသက်ပေးခဲ့သူတွေကို လေးစားဂုဏ်ပြုတယ်လို့လည်း ပြောကြားထားပါတယ်။ စစ်ကောင်စီကတော့ သူတို့အဆို အကြမ်းဖက်သမားတွေရှိတဲ့ ပဇီကြီးကျေးရွာအပေါ် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

==== Unicode ====




XS
SM
MD
LG