စနေနေ့ ဧပြီလ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံမှာ နိုင်ငံတကာကြားဝင်စေ့စပ်ပြီး အပစ်ရပ်သဘောတူညီမျှ ရရှိခဲ့တဲ့ကြားကနေ တိုက်ပွဲတွေ ဆက်ပြီး အရှိန်ပြင်းပြင်း ဖြစ်ပွားနေပါတယ်။ တိုက်ခိုက်မှုတွေ ၅ ရက်မြောက်ခဲ့ပြီ ဖြစ်ပြီး အခြေအနေက လူသားချင်းစာနာမှု အကူအညီပေးဖို့တောင် ဝင်လို့မရဘူးလို့ ဆိုပါတယ်။
ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ် အားပြိုင်မှု

၁
မက်ဆာ တက်နိုလော်ဂျီစ်က ရိုက်ကူးထားတဲ့ ဂြိုဟ်တု ဓာတ်ပုံမှာတော့ ခါတွန်နိုင်ငံတကာလေဆိပ်မှာ ဗုံးဒဏ်ထိထားတဲ့ ယူကရိန်းလေယာဉ်ကို ဧပြီ ၁၇ ရက်၊ ၂၀၂၃ မှာ တွေ့ရပါတယ်။

၂
ပြိုင်ဘက် စစ်ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်တဲ့ ဆူူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကြားတိုက်ပွဲတွေကြောင့် ခါတွန်မြို့တော်တခုလုံး သိမ့်သိမ့်ခါနေပြီး ဧပြီ ၁၈ ရက်နေ့ ဓာတ်ပုံမှာတော့ လူနေတိုက်ခန်းတွေရဲ့ မှန်ပြူတင်းတွေ ကွဲနေတာ တွေ့ရပါတယ်။

၃
စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့အကြား ၂ ဘက် တိုက်ပွဲတွေကြောင့် ခါတွန်မြို့တော်မှာ လူသူကင်းမဲ့နေပြီး မိုးခိုးလုံးတွေ ကောင်းကင်ကို အူထွက်နေတာ တွေ့ရပါတယ်။ (ဧပြီ ၁၅၊ ၂၀၂၃)

၄
ဆူဒန်စစ်တပ်နဲ့ အားပြိုင်တိုက်ခိုက်နေတဲ့ RSF Rapid Support Forces ပြည်သူ့စစ် အကြီးအကဲ၊ စစ်ကောင်စီ ဒုတိယခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒက်ဂ်လူ ဖြစ်ပါတယ်။