စနေနေ့ ဧပြီလ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံမှာ နိုင်ငံတကာကြားဝင်စေ့စပ်ပြီး အပစ်ရပ်သဘောတူညီမျှ ရရှိခဲ့တဲ့ကြားကနေ တိုက်ပွဲတွေ ဆက်ပြီး အရှိန်ပြင်းပြင်း ဖြစ်ပွားနေပါတယ်။ တိုက်ခိုက်မှုတွေ ၅ ရက်မြောက်ခဲ့ပြီ ဖြစ်ပြီး အခြေအနေက လူသားချင်းစာနာမှု အကူအညီပေးဖို့တောင် ဝင်လို့မရဘူးလို့ ဆိုပါတယ်။
ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ် အားပြိုင်မှု

၉
RSP ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ ဆူဒန်တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်နေတဲ့ ခါတွန်မြို့တော်မှာ ဒေသခံတွေ နံပြားဝေတဲ့နေရာမှာ နံပြား လာတန်းစီနေကြတာ ဖြစ်ပါတယ်။ (ဧပြီ ၁၈၊ ၂၀၂၃)