သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်က နယ်စပ်သဘောတူညီချက်ကို ချိုးဖောက် အိန္ဒိယစွပ်စွဲ


Indian Defense Minister Rajnath Singh, 3rd left, attends a meeting with his Chinese counterpart Li Shangfu, 3rd right, during the Shanghai Cooperation Organization Defense Minister's Meeting in New Delhi, April 27, 2023.
Indian Defense Minister Rajnath Singh, 3rd left, attends a meeting with his Chinese counterpart Li Shangfu, 3rd right, during the Shanghai Cooperation Organization Defense Minister's Meeting in New Delhi, April 27, 2023.

အိန္ဒိယနဲ့ တရုတ်နယ်စပ်က နှစ်နိုင်ငံ တပ်သားတွေ ထောင်နဲ့ချီ ချထားတာ ၃ နှစ်ရှိနေပြီဖြစ်တဲ့ အငြင်းပွါးနေဆဲ အရှေ့ပိုင်း လာဒတ်(Ladakh) ဒေသမှာ နှစ်နိုင်ငံသဘောတူညီချက်ကို တရုတ်ဖက်က ချိုးဖေါက်ကြောင်း ကြာသပတေးနေ့မှာ အိန္ဒိယကာကွယ်ရေးဝန်ကြီးက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh ဟာ အိန္ဒိယကိုလာရောက်တဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်အရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသရဲ့ တည်ငြိမ်အေးချမ်းမှု ပေါ်မူတည်ပြီး ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်မှုရှိမှာ ဖြစ်တဲ့အတွက် နယ်စပ်ပြဿနာအားလုံးကို လက်ရှိရထားတဲ့ သဘောတူညီချက်တွေ ကတိကဝတ်တွေ ပေါ်မူတည် ဖြေရှင်းဖို့ လိုအပ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး Singh က တရုတ်ကာကွယ်ရေးဝန်ကြီး Li ကို ပြောကြားခဲ့ကြောင်းလည်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ဘက်က တစုံတရာ ထုတ်ဖေါ်ပြောကြားတာ မရှိသေးပါဘူး။

တရုတ်ဘက်က တပ်သားဦးရေး အများအပြား ချထားပြီး ၂ နိုင်ငံ သဘောတူညီချက်ကို ချိုးဖေါက်ဖို့ ကြိုးစားမှုဟာ ၂ နိုင်ငံကြားထားရှိတဲ့ အခြေခံဆက်ဆံရေး အားလုံးကို ခြေဖျက်တဲ့သဘောဖြစ်ကြောင်းလည်း Singh က ပြောပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဖြစ်ပွါးခဲ့တဲ့ နယ်စပ်ပဋိပက္ခကြောင့် အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်တပ်သား ၄ ဦး သေဆုံးခဲ့ရတာဖြစ်ပြီး အဲဒီအချိန်ကစလို့ အဲဒီဒေသမှာ နှစ်ဖက်တပ်သား ထောင်သောင်းချီ ချထားကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG