သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ကုန်သွယ်ရေး လိုအပ်ချက်များ အိန္ဒိယမြန်မာ ဆွေးနွေး


ကုလားတန်မြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အိန္ဒိယမြန်မာ တာ၀န်ရှိသူတွေ ဆွေးနွေး။ (Photo: RSCCI ရခိုင်ကုန်သည်/စက်မှုအသင်း)
ကုလားတန်မြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အိန္ဒိယမြန်မာ တာ၀န်ရှိသူတွေ ဆွေးနွေး။ (Photo: RSCCI ရခိုင်ကုန်သည်/စက်မှုအသင်း)

နယ်စပ်ကုန်သွယ်ရေး လိုအပ်ချက်များ အိန္ဒိယမြန်မာ ဆွေးနွေး

ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ဒါအပြင့် အဲဒီနေ့မှာပဲ ရခိုင် စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံပြီးတော့ ပို့ကုန်သွင်းကုန်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ရခိုင် ကုန်သည်/စက်မှု အသင်း (RSCCI)က ထုတ်ပြန် ထားပါမယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဉာဏ်ဝင်းအောင်ပြောပြမှာပါ။

ကုလားတန်မြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်တွေ ဆိပ်ကမ်း ပုံမှန်လည်ပတ်ရေး ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအပါအဝင် အခွန်ကိစ္စတွေနဲ့ ပတ်သတ်ပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေဟာ မေလ ၉ရက်နေ့ ကစစ်တွေဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အကောက်ခွန်နှုန်းထားလျှော့ချရေးအပါအဝင် နှစ်ဖက်ကုန်သွယ်ရေးလိုအပ်ချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီဆွေးနွေးပွဲကိုတက်ရောက်တဲ့ရခိုင်စီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ် ရခိုင်ပြည်နယ် ဆီစက်လုပ်ငန်းရှင်များနဲ့ ဆီကုန်သည်ကြီးများအသင်းဥက္ကဌဖြစ်တဲ့ ဦးကျော်အေးမောင်က ပြောပါတယ်။

“ အဓိကတော့ ပို့ကုန်သွင်းကုန်ပိုင်းနဲ့ ဆွေးနွေးတာ သိပ်တော့မတွေ့ရဘူး၊ ကျနော်တို့ကျတော့ စကားပြောရမယ့်ထဲမှာလည်းမပါဘူး၊ သူများဆွေးနွေးတာမှာ ဘာတွေပါလည်းဆိုတော့ အကောက်ခွန် ရခိုင်ပြည်နယ်က တင်ပို့တဲ့ ပစ္စည်းတွေကို အကောက်ခွန်နှုန်းထားလျော့ချပေးဖို့ အိန္ဒိယအစိုးရဖက်ကို ကုန်သည်ကြီးများအသင်းဖက်က မေတ္တာရပ်ခံတယ်။ပြီးတော့ ဆိပ်ကမ်း က သင်္ဘော တလတကြိပ်ဖြစ်ဖြစ် တလကို ၂ကြိမ်ကြိမ်ဖြစ်ဖြစ်အဲလို ဘယ်နေ့ထွက် မယ်ဆိုတာကို ထုတ်ပြန်ပေးဖို့ တင်ပြတာတော့တွေ့တယ်။”

ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စစ်တွေဆိပ်ကမ်းကိုမေလ ၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့။ (Photo: RSCCI ရခိုင်ကုန်သည်/စက်မှုအသင်း)
ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စစ်တွေဆိပ်ကမ်းကိုမေလ ၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့။ (Photo: RSCCI ရခိုင်ကုန်သည်/စက်မှုအသင်း)

ကုန်သွယ်ရေးအတွက် ငွေပေးချေမှုနဲ့ နိုင်ငံခြားငွေသုံးစွဲမှု အဆင်ပြေဖို့အပြင် ကုန်သွယ်ခွန်လျော့ပါးရေးနဲ့ စစ်တွေ-ကာလကတ္တားပုံမှန်ပြေးဆွဲမယ့် သင်္ဘောလိုင်းသတ်မှတ်ပေးရေး ကိစ္စတွေကို အိန္ဒိယအာဏာပိုင်တွေကို တင်ပြဆွေးနွေး ခဲ့ကြတယ်လို့ ရခိုင်ကုန်သည်/စက်မှုအသင်း RSCCIရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ရခိုင်ဒေသ MSME အသေးစားနဲ့အလတ်စား ထုတ်ကုန်တွေ တိုးမြင့်ထုတ်လုပ်နိုင်ရေး ဈေးကွက်ရရှိရေးနဲ့ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေ ရခိုင်ပြည်နယ်မှာဖက်စပ်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့ ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ Shipping Line Agreementနဲ့ပတ်သတ်ပြီး နှစ်နိုင်ငံအစိုးရကြား ဆွေးနွေး နေကြကြောင်းလည်း စစ်တွေဆိပ်ကမ်း စတင်လည်ပတ်မယ်ဆိုတာ အဲဒီတွေ့ဆုံပွဲ ကိုတက်ရောက်ခဲ့တဲ့ ဆီကုန်သည်ကြီးများအသင်းဥက္ကဌဖြစ်တဲ့ ဦးကျော်အေးမောင်ကပြောပါတယ်။

“ Shipping Agreement ဆွေးနွေးနေတယ်အဲတာပြီးမှ သင်္ဘောဘယ်နေ့ထွက်နိုင်မယ် ဘယ်လိုလုပ်မယ် ဆိုတာ နောက်တဆင့်မှာသွားမယ်လို့ပြောတယ်။ ကောင်းတာတခုသ တင်းကြားရတာကတော့ ပြည်ထောင်စုဝန်ကြီးကတော့ ဒီစစ်တွေဆိပ်ကမ်းကို နိုင်ငံတကာ ဆပ်ကမ်းအဖြစ် အသိအမှတ်ပြုထားတယ်ပြောတယ်။ အဲတာတခုကတော့ ရခိုင်ပြည် နယ်အတွက် အင်မတန်ကောင်းမွန်တဲ့ အခွင့်အရေးတရပ်လို့မြင်တယ်။ ”

ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေဖက်ကတော့ လက်ရှိဖွင့်လှစ်ထားတဲ့စစ်တွေ အိန္ဒိယဆိပ်ကမ်းကနေ စစ်တွေ-ကာလတ္တားကို တိုရိုက်ကုန်သွယ်ခွင့်အမြန်ရဖို့ မျှော်လင့်နေကြ တယ်လို့လည်း ဦးကျော်အေးမောင်ကပြောပါတယ်။

“ ကုန်ပစ္စည်းရှိမှ သင်္ဘောပြေးဆွဲမယ်ဆိုရင် ပြေးဆွဲဖို့အတွက် ကြံ့ကြာနေလိမ့်မယ်၊ ကျနော် တို့က တချို့ဟာတွေဆိုရင် အရှုံးခံပြီးတော့ လုပ်သင့်ရင်လုပ်ရမယ့် အပိုင်းတွေရှိတယ် ဘာဖြစ်လို့လည်းဆိုတော့သင်္ဘော တလတခါလောက်ပြေးနေပြီဆိုရင် ဒီဖက်မှာ စိုက်ပျိုး ထုတ်လုပ်တဲ့ သူတွေ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေအိန္ဒိယ ဖက်က လိုအပ်တဲ့ ပစ္စည်း တွေ ထုတ်လုပ်တဲ့ လုပ်ငန်းတွေပေါ်လာမယ်။ ရခိုင်က မထွက်တဲ့ ပစ္စည်းတွေကို တခြားတိုင်းနဲ့ ပြည်နယ်တွေက တဆင့်ခံယူပြီးတော့ လုပ်ကြတဲ့ လုပ်ငန်းတွေ ပေါ်လာမယ်။ ဒါက သင်္ဘောတွေ ပြေးဆွဲနေပြီဆိုမှ ပေါ်လာမှာဒီအတိုင်းကတော့ လုပ်ငန်းတွေ ပေါ်လာမှာ မဟုတ်ဘူး၊ ၂နိုင်ငံသင်္ဘောပြေးဆွဲဖို့အတွက် သဘောတူ စာချုပ်မြန်မြန်ရေး ထိုးပြီး တော့ ဆပ်ကမ်းမြန်မြန်လည်ပတ်မှသာ ရခိုင်ပြည်နယ်အတွက် တကယ်အကျိုးရှိမှာဖြစ်တယ်။”

အိန္ဒိယနိုင်ငံဖက်က ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း၅၀ အကုန်အကျခံတည် ဆောက်ထားတာပါ။ စစ်တွေဆိပ်ကမ်းစတင်ဖွင့်လှစ်တဲ့မေလ ၉ရက်နေ့မှာပဲ အိန္ဒိယနိုင်ငံဖက်က ဘိလပ်မြေတွေ တင်ဆောင်လာတဲ့ သင်္ဘောတစီး စစ်တွေဆိပ်ကမ်းကို ဆိပ်ကပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG