သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအပျော်စီးလှေနဲ့ နယ်ကျွံလာသူတွေ မြန်မာဒဏ်ရိုက်


ထိုင်းအပျော်စီးလှေနဲ့ နယ်ကျွံလာသူတွေ မြန်မာဒဏ်ရိုက် (ပြန်လွတ်လာတဲ့ထိုင်းနဲ့နိုင်ငံခြားသားများ) ဓါတ်ပုံ- ထိုင်းအာဏာပိုင်
ထိုင်းအပျော်စီးလှေနဲ့ နယ်ကျွံလာသူတွေ မြန်မာဒဏ်ရိုက် (ပြန်လွတ်လာတဲ့ထိုင်းနဲ့နိုင်ငံခြားသားများ) ဓါတ်ပုံ- ထိုင်းအာဏာပိုင်

ထိုင်းအပျော်စီးလှေနဲ့ နယ်ကျွံလာသူတွေ မြန်မာဒဏ်ရိုက်

ဧပြီလတုန်းက မြန်မာနိုင်ငံ ရေပြင်နယ်နမိတ်ထဲကို ထိုင်းအပျော်စီးလှေ တစင်းနဲ့ ကျူးကျော်ဝင်ရောက်လာမှုနဲ့ မြန်မာအာဏာပိုင်တွေကဖမ်းဆီးထားတဲ့ ထိုင်းနဲ့နိုင်ငံခြားသား ၁၄ ဦးကို မြန်မာဘက်က ဒဏ်ကြေးဆောင်ခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ မေလ ၁၉ ရက်နေ့က ကော့သောင်း အာဏာပိုင်တွေက ထိုင်းအာဏာပိုင်တွေလက်က လွှဲပြောင်းပေးခဲ့တာပါ။ ဒီအကြောင်း ဗီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


မြန်မာနိုင်ငံ ကော့သောင်းနဲ့ ထိုင်းနိုင်ငံ ရရောင်းနယ်စပ်ကနေ ပင်လယ်ထဲကိုထွက်လာတဲ့ အပျော်စီးလှေတစင်းဟာ ဧပြီလထဲမှာ မြန်မာရေပိုင်နက်ထဲကို နယ်ကျော် ဝင်ရောက်ခဲ့တာကြောင့် မြန်မာရေတပ်က ဖမ်းဆီးခဲ့ပါတယ်။ ဒီလှေပေါ်မှာ ပါသွားတဲ့ ထိုင်းနဲ့ နိုင်ငံခြားသား ၁၄ ဦးကို မြန်မာဘက်က ဖမ်းဆီးထားပြီး မေလ၁၉ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ နှစ်နိုင်ငံနယ်စပ်ကော်မတီချင်း ညှိနှိုင်းပြီး ထိုင်းအာဏာပိုင်တွေလက်ကို လွှဲပြောင်းပေးလိုက်တာဖြစ်တယ်လို့ ကော့သောင်းမြို့ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC) တာဝန်ခံ ဦးမိုးဝေက ပြောပြပါတယ်။

" ပျော်ပွဲစားလှေပေါ့လေ ထိုင်းကနေ Company ရှိတယ် ငါးမျှားထွက်တာ ကျနော်တို့မြန်မာရေပိုင်နက်ထဲကိုရောက်လာတာ၊ ရေပိုင်နက်ကျူးလွန်မူ့နဲ့ မြန်မာရေတပ်ကဖမ်းလိုက်တာ၊ဖမ်းပြီးတော့ နှစ်နိုင်ငံနယ်စပ်ကော်မတီအချင်းချင်းတိုင်ပင်ပြီးတော့ သူတို့က နိုင်ငံခြားသား၈ယောက်ပါတယ် ထိုင်းက ၆ယောက်ပါတယ် မြန်မာကရေလုပ်သား ၄ယောက်ပါတယ်။ အားလုံး ၁၈ယောက် ထိုင်းက ၆ယောက်နိုင်ငံခြားသား ၈ ယောက် အားလုံး ၁၄ယောက် မြန်မာက တော့၄ယောက်ပါတယ်၊တရားရုံးက ဒဏ်ငွေဆောင်ရွက်ပြီးတာနဲ့သူတို့ကိုပြန်လွဲှပြောင်းပေးလိုက်တာပါ။"

တမင်ရည်ရွယ်ပြီး မြန်မာ့ရေပြင် နယ်နိမိတ်ထဲ ဝင်ရောက်တာ မဟုတ်တဲ့အတွက် ဒဏ်ကြေးပေးဆောင်ပြီးပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

" သူတို့ကတော့ ရည်ရွယ်ချက်ရှိပြီးလာတာမဟုတ်ပါဘူး။ငါးမျှားရင်းနဲ့မြန်မာရေပိုင်နက်ထဲကိုရောက်လာတာပါ။ "

ထိုင်းဘက်က နယ်ကျော်ဝင်ရောက်လာလို ဖမ်းဆီးခဲ့သူသူတွေကိုမြန်မာတရားရုံးက တဦးကို ကျပ်ငွေသုံးသိန်း ဒဏ်ကြေးအဖြစ် ချမှတ်ခဲ့ပါတယ်။ အခုလိုပြန်လွတ်ပေးခဲ့တာဟာ ကော့သောင်းမြို့ လဝက လူဝင်မှုကြီးကြပ်ရေးရုံးမှာ နှစ်နိုင်ငံအာဏာပိုင်တွေက နယ်ခြားကော်မတီ အစည်းဝေးပြုလုပ်အပြီး မြန်မာဘက်က အခုလို ပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။

မြန်မာဘက်က ပြန်လွှတ်ပေးသူတွေဟာ စင်္ကာပူ မလေးရှားနဲ့ လှေဝန်ထမ်း ထိုင်းနိုင်ငံသား တွေဖြစ်တယ်လို့ ထိုင်း အာဏာပိုင်ဘက်က ထုတ်ပြန်ထားပါတယ်။ ပြန်လည်လွတ်မြောက်လာသူတွေဟာ အပျော်စီးစက်လှေ နဲ့ ရနောင်းပင်လယ်ပြင်မှာသွားနေရင်း မြန်မာရေပိုင်နက်အတွင်းပိုင်းကို ရောက်ရှိသွားတာပါ။ မေ ၁၉ ရက်နေ့က နယ်ခြားကော်မတီအစည်းအဝေးကို ထိုင်း-မြန်မာ နယ်စပ်ရေးရာကော်မတီ ဥက္ကဋ္ဌနဲ့ ရနောင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Boonchai တို့ ပြုလုပ်ခဲ့ပြီး အခုလို ထိုင်းနဲ့နိုင်ငံခြားသားတွေကိုပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG