သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာလီ Wagner Group အကြီးအကဲကို ကန်အရေးယူဒဏ်ခတ်


In this handout photo taken from video and released by Prigozhin Press Service May 20, 2023, Yevgeny Prigozhin, the head of the Wagner Group military company speaks holding a Russian flag in front of his soldiers in Bakhmut, Ukraine.
In this handout photo taken from video and released by Prigozhin Press Service May 20, 2023, Yevgeny Prigozhin, the head of the Wagner Group military company speaks holding a Russian flag in front of his soldiers in Bakhmut, Ukraine.

မာလီ Wagner Group အကြီးအကဲကို ကန်အရေးယူဒဏ်ခတ်

ရုရှားကြေးစားတပ်ဖွဲ့ Wagner Group ရဲ့ မာလီနိုင်ငံဆိုင်ရာ အကြီးအကဲ Ivan Aleksandrovich Maslov ကို အမေရိကန်ဘဏ္ဍာရေးဌာနက ကြာသပတေးနေ့မှာ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

သူဟာ မာလီနဲ့ တခြားနိုင်ငံတွေကနေတဆင့် ယူကရိန်းစစ်ပွဲမှာသုံးဖို့ စစ်လက်နက်ပစ္စည်းတွေ ရအောင် ကြိုးပမ်းနေတာကြောင့် ဒါကိုတားဆီးတဲ့ အနေနဲ့ အခုလို အရေးယူတာဖြစ်ကြာင်း အမေရိကန်ဘဏ္ဍာရေးဌာန ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ သူဟာ Wagner အဖွဲ့ရဲ့ မာလီအခြေစိုက် ကြေးစားတပ်ဖွဲ့ကို ဦးဆောင်တဲ့ စီမံခန့်ခွဲသူဖြစ်ပြီး မာလီက သူတို့အဖွဲ့ရဲ့ လုပ်ငန်းတွေကို မာလီအစိုးရ အရာရှိတွေနဲ့ အနီးကပ်ပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

Wagner အဖွဲ့ရဲ့ မာလီတာဝန်ခံကို ဖေါ်ထုတ်ပြီး ကမ္ဘာတလွှား သူတို့အဖွဲ့ လုပ်ဆောင်နေမှုတွေကို တားဆီးဖို့ အခုလို အရေးယူတာဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်ဝါဒနဲ့ ငွေကြေးဆက်နွယ်မှုဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Brian Nelson က ကြေညာချက်ထုတ်ပြန်ပြောဆိုတာပါ။

Wagner အဖွဲ့ဟာ နိုင်ငံခြား လက်နက်ရောင်းချသူတွေဆီကနေ စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူပြီး မာလီကနေတဆင့် တင်ပို့နေတဲ့လက္ခဏာတွေ တွေ့ရတယ်လို့ တနင်္လာနေ့က အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller ပြောကြားခဲ့တဲ့နောက် အခုလို ဘဏ္ဍာရေးဌာနက အရေးယူမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရ Maria Zakharova ကတော့ အမေရိကန်ရဲ့ စွပ်စွဲမှုတွေဟာ လှည့်ကွက်တခုဖြစ်ကြောင်းနဲ့ အမေရိကန်အစိုးရ အနေနဲ့ ကိုယ့်စစ်ပစ္စည်း တင်ပို့မှုကြောင့် ရလာတဲ့ အကျိုးဆက်တွေကို ဆန်းစစ်ဖို့လိုတယ်လို့ တိုက်တွန်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG