သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ Odisha ပြည်နယ် ရထား မတော်တဆမှု ၅၀ ထက်မနည်း သေဆုံး


INDIA-RAILDERAILMENT
INDIA-RAILDERAILMENT

အိန္ဒိယ Odisha ပြည်နယ် ရထား မတော်တဆမှု ၅၀ ထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ Odisha ပြည်နယ်ထဲက Balasore ဒေသမှာ သောကြာနေ့က ခရီးသည်တင် ရထားနဲ့ ကုန်ရထား တိုက်မိတာကြောင့် သေဆုံးရသူ ၅၀ ထက်မနည်း ရှိနေပြီး လူပေါင်း ၃၅၀ လောက် ဆေးရုံတင်ထားရတယ်လို့ အိန္ဒိယ သတင်းတွေမှာ ဖေါ်ပြပါတယ်။

Kolkata ကနေ Chennai ကိုပြေးတဲ့ Coromandel Express ရထားဟာ ကုန်ရထားနဲ့ တိုက်မိပြီး လမ်းချော်သွားခဲ့တယ်လို့ ရထားပို့ဆောင်ရေးဌာန အရာရှိတွေက ပြောပါတယ်။ အခင်းဖြစ်ပွါးရာနေရာမှာ ကယ်ဆယ်ကူညီရေးတွေ လုပ်ဆောင်နေပြီး တတ်နိုင်တာအားလုံး အကူညီပေးဖို့ လုပ်နေပြီလို့ ဝန်ကြီးချုပ် Narendra Modi က တွစ်တာကနေ ပြောပါတယ်။

သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေးအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ လေတပ်တွေကလည်း အခင်းဖြစ်ပွါးရာနေရာမှာ အကူအညီတွေ ပေးဖို့လုပ်နေကြတယ်လို့ မီးရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဒေသတွင်း ဗီဒီယို သတင်းတွေမှာတော့ တခုပေါ် တခုထပ်နေတဲ့ ရထားတွဲတွေထဲကနေ အကူညီတောင်းနေသူတွေကို တွေ့နေရပြီး ဒဏ်ရာရသူတွေကို စောင့်ဆိုင်းနေတဲ့ အရေးပေါ်ယာဉ်တွေဆီ သယ်သွားနေတာ တွေ့ရပါတယ်။

အရှေ့တောင်ပိုင်း ရထားပို့ဆောင်ရေးဌာန အရာရှိတွေကတော့ သေဆုံးဒဏ်ရာရသူ အရေအတွက် အတော်များကြောင်း ပြောပေမယ့် အရေအတွက် အတိအကျတော့ ခုချိန်ထိ မသိနိုင်သေးဘူးလို့ ပြောပါတယ်။ ဒဏ်ရာရသူ အများအပြား ရှိနေပြီး သူတို့ကို ဆေးရုံတွေကို ပို့ဆောင်ပေးနေသလို Kharagpur နဲ့ တခြား ဘူတာတွေက ရထားပို့ဆောင်ရေးဌာန ကယ်ဆယ်ကူညီရေး အဖွဲ့တွေ အခင်းဖြစ်ပွါးရာနေရာမှာ အကူညီပေးနေကြတယ်လို့ ပြောပါတယ်။

XS
SM
MD
LG