သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် ၂.၁ ဘီလီယံ စစ်ရေးအကူညီ အမေရိကန်ထပ်ပေး


FILE - A HAWK surface-to-air missile is test-fired from Jeoupeng military base in Taiwan, Jan. 18, 2011. Refurbished missiles, T-72B tanks and other weaponry are part of the $400 million in security assistance headed for Ukraine, U.S. officials announced
FILE - A HAWK surface-to-air missile is test-fired from Jeoupeng military base in Taiwan, Jan. 18, 2011. Refurbished missiles, T-72B tanks and other weaponry are part of the $400 million in security assistance headed for Ukraine, U.S. officials announced

ယူကရိန်းအတွက် ၂.၁ ဘီလီယံ စစ်ရေးအကူညီ အမေရိကန်ထပ်ပေး

ရုရှားကို ခုခံစစ် ဆင်နွှဲနေတဲ့ ယူကရိန်းအတွက် အရေးပါတဲ့ လေကြောင်းကာကွယ်ရေး အကူအညီနဲ့ လက်နက် ခဲယမ်းမီးကျောက်တွေပါဝင်တဲ့ အကူအညီ နောက်ထပ် ၂.၁ ဘီလီယံ အမေရိကန်ကပေးမှာဖြစ်ကြောင်း ပင်တာဂွန် စစ်ဌာနချုပ်က သောကြာနေ့မှာ ကြေညာပါတယ်။

ဒီအထဲမှာ HAWK လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ မစ်ဇိုင်းဒုံးတွေ၊ ၁၀၅ နဲ့ ၂၀၃ မမ ကျည်တွေ မောင်းသူမဲ့ယာဉ်တွေ၊ လေဆာနဲ့ချိန်ပစ်တဲ့ ရော့ကက်စနစ်သုံးပစ္စည်းတွေအပြင် ဒီပစ္စည်းတွေသုံးစွဲဖို့ သင်တန်းပေးတာနဲ့ ထိန်းသိမ်းရေးဆိုင်ရာတွေပါ ပါဝင်တယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်ခဲ့ချိန်ကစပြီး ယူကရိန်းလုံခြုံရေးဆိုင်ရာအတွက် အမေရိကန်က ဒေါ်လာ ၄၀.၄ ဘီလီယံကျော် ကူညီမှာဖြစ်ကြောင်း အမေရိကန်က သန္နိဌာန်ချထားတယ်လို့လည်း ကာကွယ်ရေးဌာနက ပြောပါတယ်။

မနှစ်က ဖေဖေါ်ဝါရီမှာ ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်ကစပြီး ဘိုင်ဒန်အစိုးရအဖွဲ့နဲ့ အမေရိကန်လွှတ်တော်တွေက လူသားစာနာမှုဆိုင်ရာ အကူအညီ၊ ငွေကြေးနဲ့ စစ်ရေးအကူညီတွေအတွက် ဒေါ်လာ ၇၅ ဘီလီယံကျော် ချထားပေးခဲ့တာပါ။ ဒါဟာ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း သမ္မတ Truman အစိုးရအဖွဲ့ လက်ထက်ကနေစပြီး ဥရောပဒေသတွင်း နိုင်ငံတနိုင်ငံကို အမေရိကန်က ပထမအကြိမ်အဖြစ် အများဆုံး နိုင်ငံရပ်ခြား အကူအညီချထားပေးတာဖြစ်ကြောင်း နိုင်ငံခြားဆက်ဆံရေးကောင်စီရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

တချိန်ထဲမှာပဲ ယူကရိန်းက Kakhovka ရေကာတာ ပျက်စီးမှုကြောင့် ယူကရိန်းဒေသခံ ထောင်ပေါင်းများစွာ ပျောက်ဆုံးနေသလို ဒေသခံတွေ သောက်သုံးရေ မရပဲ ဖြစ်နေတာပါ။ နယ်သာလန်အစိုးရက ယူကရိန်းအတွက် ရေစုပ်စက်တွေ တပ်ဆင်ပေးနေသလို အရေးပေါ်အကူညီတွေ ပေးနိုင်ဖို့ အသက်ကယ်လှေတွေ ပို့ပေးနေတယ်လို့ ဝန်ကြီးချုပ် Mark Rutte က သောကြာနေ့မှာ ပြောပါတယ်။ လက်ရှိမှာတော့ ရေကြီးရေလျှံမှုကြောင့် သေဆုံးရသူ အနည်းဆုံး ၁၄ ဦး ရှိနေပြီး၊ သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တာပါ။

XS
SM
MD
LG