သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင် ပုန်ကန်မှု ရုရှားအစိုးရကို အကျပ်အတည်းဖြစ်စေ (ကန် CIA အကြီးအကဲ)

Russia Ukraine War Biden
Russia Ukraine War Biden

လက်နက်ကိုင် ပုန်ကန်မှု ရုရှားအစိုးရကို အကျပ်အတည်းဖြစ်စေ (ကန် CIA အကြီးအကဲ)

ရုရှားကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin ရဲ့ လက်နက်ကိုင် ပုန်ကန်မှုဟာ ရုရှားအစိုးရကို အကျပ်အတည်း ဖြစ်စေပြီး၊ သမ္မတ ပူတင်ရဲ့ ယူကရိန်းစစ်ပွဲကို ထိခိုက် ယိုယွင်းစေတယ် ဆိုတာကို ဖေါ်ပြနေတယ်လို့ အမေရိကန်ထောက်လှမ်းရေး CIA ရဲ့အကြီးအကဲ William Burns က စနေနေ့တုန်းက ပြောဆိုလိုက်ပါတယ်။

သမ္မတ ပူတင်ကတော့ ပြည်တွင်းစစ်ဖြစ်မယ့် အခြေအနေကို ရှောင်ရှားနိုင်ခဲ့တဲ့အတွက် ရုရှားတပ်ဖွဲ့တွေကိုကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ၁၉၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရုရှားတော်လှန်ရေး နှစ်ခုကြောင့် အခက်အခဲဖြစ်ခဲ့ရတဲ့အခြေအနေနဲ့ နှိုင်းယှဉ်ပြီးလည်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်မှုနဲ့ စစ်ပွဲဆင်နွှဲတဲ့ ရုရှားစစ်ဘက် ဦးဆောင်မှုတွေဟာနဲ့ ပတ်သက်တဲ့ ရုရှားအစိုးရရဲ့အကြောင်းပြချက်တွေဟာ ရိုးသာမှု မရှိဘူးဆိုတာကို ကြေစားတပ်ဖွဲ့ခေါင်းဆောင် Prigozhin က သူ့လုပ်ရပ်နဲ့ ဖေါ်ပြလိုက်တာဖြစ်တယ်လို့လည်း CIA အကြီးအကဲ William Burns က ဗြိတိန်နိုင်ငံ Oxfordshir က Ditchley Foundation မှာပြုလုပ်တဲ့ အမေရိကန်-ဗြိတိန် ဆက်ဆံရေး ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

William Burns ဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ရုရှားဆိုင်ရာအမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်မှာ CIA အကြီးအကဲ ဖြစ်လာခဲ့တာပါ။ Prigozhin ရဲ့ လက်နက်ကိုင်ပုန်ကန်မှုဟာ ရုရှားအစိုးရအတွက် လက်နက်ကိုင် စိန်ခေါ်မှု အကျပ်အတည်း တခုလို့ သူကရှုမြင်ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG