သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တွစ်တာနဲ့ ဖေ့ဘုတ် ကုမ္ပဏီတို့ အပြိုင်အဆိုင် ပြောင်းလဲမှုလုပ်


TWITTER & FACEBOOK LOGOS
TWITTER & FACEBOOK LOGOS

သူဌေးကြီးအီလွန်မတ်စ် ပိုင်ဆိုင်တဲ့တွစ်တာ လူမှုကွန်ရက်ဟာ ဒီသီတင်းပတ်ကုန်ထဲမှာ သုံးစွဲသူတွေကို ကန့်သတ်မှုတွေထပ်မံ လုပ်ဆောင်ခဲ့သလို ပြိုင်ဘက် ဖေ့စ်ဘုတ် လူမှုကွန်ရက် တည်ထောင်သူ မတ်ဇူကာဘတ်ကလည်း ဒီအပတ်ထဲမှာပဲတွစ်တာနဲ့ အပြိုင်အက်ပ်တခု စတင်နိုင်ဖို့ ကြိုးစားနေတာ ကြောင့် တွစ်တာ အတွက်စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်နေရပါတယ်။

ဇူကာဘတ်ရဲ့ Meta ကုမ္ပဏီ က အမေရိကန် စျေးကွက်မှာ ကြိုတင်မှာယူနိုင်မယ့် "Threads၊ Instagram အက်ပ်" အက်ပ်အသစ်တစ်ခုကို လာမယ့် ကြာသပတေးနေ့မှာ စတင် အသုံးပြုနိုင်မယ်လို့ ကြေညာထား ပါတယ်။

အီလွန်မတ်နဲ့ ဇူကာဘတ်ဟာ နှစ်အတော်ကြာကတည်းက နည်းပညာဆိုင်ရာအကြောင်းအရာတွေမှာ အမြင်သဘောထားမတူဘဲ ထိပ်တိုက်တွေ့ခဲ့ကြသလို အခုလတ်တလောမှာ ကြိုးဝိုင်းထဲမှာ ထိုးသတ် တိုက်ခိုက်ဖို့ အထိအပြန်အလှန်စိန်ခေါ် ခဲ့ကြတာပါ။

တခါအီလွန်မတ်ဟာတွစ်တာ လူမှုကွန်ရက်ကို ၄၄ ဘီလီယံဒေါ်လာနဲ့ မနှစ်က ဝယ်ယူကတည်းက ဝန်ထမ်းထောင်ပေါင်းများစွာကို အလုပ်ထုတ်ခဲ့ပြီး သုံးစွဲသူတွေဆီက အပြာရောင်အမှတ်အသားနဲ့ "အတည်ပြုပြီး" အကောင့် သုံးခွင့် တလ ၈ ဒေါ်လာ ကောက်ခံခဲ့ပါတယ်။

အခု နောက်ဆုံးပြောင်းလဲမှုအဖြစ်စီးပွားရေးနဲ့ သတင်းဌာနတွေ အသုံးများတဲ့ သုံးစွဲသူတွေအနေနဲ့ သတင်းစာသားတွေကို သီခြား ကော်လန်ခွဲပြီး ကြည့်နိုင်တဲ့ TweetDeck ဆိုတဲ့ စွမ်းဆောင်ရည်ကို အပြာရောင် အမှတ်အသား ရပြီး “အတည်ပြု” ထားတဲ့ အကောင့်တွေကိုပဲ အသုံးပြုခွင့်ပေးဖို့ ကန့်သတ်မှု လုပ်လိုက်တာပါ။

ဒါအပြင် ပို့စ်တွေကို စာဖတ်သူတွေ ကြည့်ရှုနိုင်စေဖို့ကန့်သတ်ထားပြီး အကောင့်ထဲ မဝင်ဘဲ ပြင်ပ လင့်ခ် ကတဆင့် ဝင်ကြည့်ရင် တွစ်တာမှာ ဖော်ပြထားတဲ့ ပို့စ်တွေကို ကြည့်ရှုနိုင်မှာ မဟုတ်တဲ့ ကန့်သတ်မှု တွေလည်း လုပ်ခဲ့ပါတယ်။

ဒီလို သုံးစွဲသူတွေကို ကန့်သတ်မှုတွေပိုလုပ်လာပြီးအမြတ်အစွန်းများအောင်ပို လုပ်လာတယ်ဆိုပြီး ဝေဖန်ကြသူတွေလည်း ရှိပါတယ်။ဒါ့ပေမယ့် အီလွန်မတ်ကတော့ တွစ်တာ အနေနဲ့ ကြော်ညာခ အပေါ် အားကိုးအားထားပြုရတာကို လျှော့ချပြီး သုံးစွဲသူတွေ လစဥ်ပေးတဲ့ သုံးစွဲခကနေ ဝင်ငွေပိုရဖို့ ကြိုးစားတာလို့ ပြန်လည်ဖြေရှင်းပါတယ်။

ဒီလို တွစ်တာက ကန့်သတ်မှုတွေ လုပ်နေချိန်မှာ ပြိုင်ဘက် ဖေ့စ်ဘွတ်ကလည်း အသစ် အက်ပ် ထွက်လာတာ ဖြစ်တဲ့အတွက် အီလွန်မတ်နဲ့ ဇူကာဘတ် ကြား ပြိုင်ဆိုင်မှု ပိုမြင့်လာဖွယ်ရှိတယ်လို့ သုံးသပ်နေကြပါတယ်။

XS
SM
MD
LG