သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာနဲ့ လူနည်းစုအရေးဆုံးဖြတ်ချက် လူ့အခွင့်အရေးကောင်စီ အတည်ပြု


UN High Commissioner for Human Rights Volker Turk is seen on a TV monitor as the ceiling of the Human Rights and Alliance of Civilizations Room, painted by Spanish painter Miquel Barcelo, is seen in the background at the opening of the 53rd UN Human Righ
UN High Commissioner for Human Rights Volker Turk is seen on a TV monitor as the ceiling of the Human Rights and Alliance of Civilizations Room, painted by Spanish painter Miquel Barcelo, is seen in the background at the opening of the 53rd UN Human Righ

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေအားလုံး ချက်ခြင်းရပ်တန့်ပြီး မြန်မာပြည်သူတိုင်းအတွက် လူအခွင့်အရေး ကာကွယ်မှုပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုပါတယ်။ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာမွတ်ဆလင်နဲ့ အခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ဇူလိုင် ၁၄ရက်နေ့က မဲမခွဲပဲ လူ့အခွင့်အရေးကောင်စီက တညီတည်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တွေမှာ အကြမ်းဖက်မှုနဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကို ချက်ခြင်းရပ်တန့်ဖို့ တောင်းဆိုထားသလို၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုနဲ့ ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို အပြည့်အဝအရေးယူဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ တာဝန်ပေးအပ်ထားသူတွေနဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ယန္တယားတို့ကို မြန်မာတာဝန်ရှိသူတွေဖက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး၊ လူ့အခွင့်အရေးအခြေအနေကို အဟန့်အတားမရှိ စောင့်ကြည့်နိုင်ဖို့လည်း တောင်းဆိုထားပါတယ်။ ပြေးလွှားပုန်းရှောင်နေကြရတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအတွက် သူတို့ဆန္ဒနဲ့အညီ နေရပ်ပြန်နိုင်မယ့် အခြေအနေမျိုး ဖန်တီးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာမှုအရ လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကူအညီဆက်ပေးကြဖို့နဲ့၊ မြန်မာနိုင်ငံတွင်းမှာလည်း လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူတွေကို အကူအညီပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို လူ့အခွင့်အရေးကောင်စီက တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကတော့ လူ့အခွင့်အရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာလူ့အသိုင်းအဝိုင်းအကြား စိတ်ဝမ်းကွဲပြားစေအောင် လှုံ့ဆော်ရာရောက်တယ်လို့ တုန့်ပြန်ထားပါတယ်။ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ သွားရောက်ခွင့်များ ငြင်းပယ်ခံရတယ်ဆိုတဲ့ မဟာမင်းကြီးရဲ့ အစီရင်ခံစာကိုလည်း ငြင်းပယ်ပြီး၊ မဟာမင်းကြီးဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေတယ်လို့ စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG