သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ပူးတွဲကြေညာချက် စစ်ကောင်စီ ကန့်ကွက်



အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျင်းပခဲ့တဲ့ (၅၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်ပါ မြန်မာ့အရေး ဖော်ပြချက်အချို့က “အာဆီယံပဋိညာဉ်ပါမူကြီးများနဲ့ မကိုက်ညီဘူး” ဆိုပြီး လက်မခံဘဲ ကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက် ရက်စွဲနဲ့ စာထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တဖက်သတ် မမျှမတ ဖော်ပြထားတဲ့ အချက်အလက်အချို့အတွက် စိတ်ပျက်မိကြောင်း အဲဒီစာမှာ ဖော်ပြထားပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေမှုတွေနဲ့ သဘောထား ရပ်တည်ချက်တွေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မြန်မာ့ပြည်တွင်းရေး အခြေအနေတွေကို ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒီလို နိုင်ငံတနိုင်ငံကို ပစ်မှတ်ထားပြီး ပြည်တွင်းရေးကိစ္စတွေကို ဖော်ပြထားတာက အာဆီယံပဋိညာဉ်စာတမ်းမှာ ပြဋ္ဌာန်းထားတဲ့ “ဝင်ရောက်မစွက်ဖက်ရေးမူ” နဲ့ သွေဖည်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ စွပ်စွဲထားပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ ပူးတွဲကြေညာချက် မူကြမ်းကို ညှိနှိုင်းတုန်းက စစ်ကောင်စီဘက်က ပါဝင်ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် အပြီးသတ် ထုတ်ပြန်ကြေညာရာမှာ စစ်ကောင်စီဘက်က အဆိုပြု ပြင်ဆင်ဖြည့်စွက်ထည့်သွင်းလိုတဲ့ အချက်တွေ၊ သဘောထားနဲ့ စိုးရိမ်ပူပန်မှုတွေကို လျစ်လျူရှုခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညပိုင်းအချိန် နောက်ကျပြီးမှ ထုတ်ပြန်ခဲ့တဲ့ အာဆီယံရဲ့ကြေညာချက်ထဲမှ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ပြီး ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အကြံပြုချက်တွေ တင်ပြသွားဖို့ ပါရှိတဲ့အပြင် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ပြည်သူလူထုပိုင် ပစ္စည်းတွေ ဖျက်ဆီးခံရမှုအပါအဝင် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာပေါ် အာဆီယံက ရှုတ်ချထားပါတယ်။

တချိန်တည်းမှာ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရဲ့ ဇူလိုင် ၁၄ ရက်နေ့ ထုတ်ပြန်ချက် တရပ်မှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာကို ဝေဖန်ထားပြီး၊ ဒါဟာ အာဆီယံ ဘုံသဘောတူညီချက်နဲ့ အာဆီယံအထူးကိုယ်စားလှယ် အခန်းကဏ္ဍတွေကို ကျော်လွန် စွက်ဖက်တယ်ဆိုပြီး ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံအတွက် အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကြိုဆိုပေမယ့် စစ်အာဏာသိမ်းယူခဲ့တဲ့ မြန်စစ်ကောင်စီကို အရာပေး ထိတွေ့ဆက်စပ်မှုတွေဟာ ထိရောက်မှာ မဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG