သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောက်ပဲသီးနှံတင်ပို့ရေး သသဘောတူညီမှု သက်တမ်းတိုးဖို့ သမ္မတပူတင် နှုတ်ဆိတ်နေဆဲ


Ukraine Grain Exports
Ukraine Grain Exports


ပင်လယ်နက်ကိုဖြတ်ပြီး နိုင်ငံတကာကို ကောက်ပဲသီးနှံတင်ပို့ခွင့် သဘောတူညီချက်ဟာ လာမယ့် တနင်္လာနေ့မှာ ကုန်ဆုံးတော့မှာဖြစ်ပေမယ့် စနေနေ့အထိ ရုရှားသမ္မတ ဗာလာဒီမာပူတင်ထံကနေ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ နိုင်ငံတကာ တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။

ပင်လယ်နက်ဒေသကိုဖြတ်ပြီး ရုရှားနဲ့ယူကရိန်းက ကောက်ပဲသီးနှံတွေ နိုင်ငံတကာဈေးကွက်ကို အမြဲတမ်း တင်ပို့ခွင့်ရရေးအတွက် စနေနေ့တုန်းကတော့ တောင်အာဖရိကသမ္မတ Cyril Ramaphosa နဲ့ သမ္မတ Putin တို့ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တယ်လို့ တောင်အာရိက သမ္မတရုံးက ပြောဆိုပါတယ်။ ဒါပေမဲ့ နောက်ထပ် အသေးစိပ်ကိုတော့ မသိရပါဘူး။

ရုရှားဘက်က တောင်းဆိုထားတဲ့ ရုရှားလယ်ယာစိုက်ပျိုးဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးစနစ်ဖြစ်တဲ့ WSIFT နဲ့ ပြန်လည် ဆက်သွယ်ခွင့်ပေးပြီး၊ သီးနှံတင်ပို့ခွင့် သဘောတူညီချက် သက်တမ်းတိုးပေးတာနဲ့ အလဲအလှယ်လုပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကသောကြာနေ့တုန်းက တောင်းဆိုခဲ့ပေမယ့်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပင်လယ်နက်ကိုဖြတ်ပြီး သီးနှံ တင်ပို့ခွင့်ကို ရုရှားအနေနဲ့သက် တမ်းတိုးပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ရုရှားဘက်က ခြိမ်းခြောက်ထားသလို သီးနှံတင်ပို့ခွင့်ကို သက်တမ်း တိုးမပေးဘူးဆိုရင် အစားအစာ ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဒေသတွင်း နိုင်ငံတွေ အဓိက ခံစားကြရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ASEAN နိုင်ငံများနဲ့ အစည်းအဝေးအပြီးမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG