သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ ကန်ဒရုန်းတစင်း ရုရှားတိုက်လေယာဥ် ကြောင့် ပျက်စီး


ကန် လေတပ်ကထုတ်ပြန်လိုက်တဲ့ အမေရိကန် ဒရုန်းယာဥ်အနီး ကပ်ပြီးပျံသန်းသွားတဲ့ ရုရှားဂျက်တိုက်လေယာဥ်၊ ဇူလိုင် ၂၅၊ ၂၀၂၃
ကန် လေတပ်ကထုတ်ပြန်လိုက်တဲ့ အမေရိကန် ဒရုန်းယာဥ်အနီး ကပ်ပြီးပျံသန်းသွားတဲ့ ရုရှားဂျက်တိုက်လေယာဥ်၊ ဇူလိုင် ၂၅၊ ၂၀၂၃

ဆီးရီးယားနိုင်ငံမှာ ရုရှားတိုက်လေယာဉ်တစီးဟာ အမေရိကန် မောင်းသူမဲ့ ဒရုန်းယာဥ်တစီး အနီးကို အန္တရာယ်ရှိလောက်တဲ့ အကွာအဝေးအထိ အနီးကပ်ပျံသန်းခဲ့ပြီး မီးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း အမေရိကန်လေတပ်က အင်္ဂါနေ့မှာ သတင်းထုန်ပြန်ပါတယ်။

“ဒီလို ရန်လိုတဲ့ မဆင်မခြင်၊ တာဝန်မဲ့ အပြုအမူတွေကို ချက်ချင်းရပ်တန့်ဖို့ ဆီးရီးယားမှာရှိတဲ့ ရုရှားတပ်ဖွဲ့ တွေကို တောင်းဆိုကြောင်း" အမေရိကန် ဗဟို လေတပ် အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီး Alex Grynkewich က ပြောပါတယ်။

ဖြစ်စဥ်ဟာတနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆီးရီးယားက IS အကြိမ်းဖက် နှိမ်နင်းရေးမှာ ပါဝင်နေတဲ့ အမေရိကန်ရဲ့ MQ-9 Reaper အမျိုးအစား မောင်းသူမဲ့လေယာဉ်ကို ရုရှားဘက်က Sukhoi Su-35 အမျိုးအစား ဂျက်လေယာဉ်သုံးပြီး မီးကျည်နဲ့ ပစ်ခဲ့တာပါ။ ဒရုန်းယာဥ်မှာ ပန်ကာပိုင်း အပြင်းအထန် ပျက်စီး သွားပေမယ့် မြေပြင်ဝန်ထမ်းတွေက ဒရုန်လေယာဉ်ကို ထိန်းချုပ်နိုင်ပြီး အခြေစိုက်စခန်းကို ပြန်လည်ပျံသန်းနိုင်ခဲ့တယ် ဆိုပါတယ်။

ဒါဟာ အရှေ့အလယ်ပိုင်းမှာ နှစ်နိုင်ငံ တပ်ဖွဲ့တွေထိပ်တိုက်တွေ့မှုတွေ ဆက်တိုက် ဖြစ်လာနေတဲ့ အထဲက နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်ကျော်ကလည်း ရုရှားတိုက်လေယာဉ်တစင်းဟာ အမှုထမ်း ၄ ဦး တင်ဆောင်လာတဲ့ အမေရိကန် ထောက်လှမ်းရေးလေယာဉ် တစီးနဲ့ အနီးကပ် ပျံသန်းခဲ့ပါသေးတယ်။

အခု သီတင်းပတ်တွေထဲမှာ ရုရှားတိုက်လေယာဉ်တွေဟာ ဆီးရီးယားအနောက်ပိုင်းရှိ IS အစ္စလာမ်မစ် အဖွဲ့ နှိမ်နင်းရေးမှာ ပါဝင်နေတဲ့ အမေရိကန်ရဲ့ မောင်းသူမဲ့ ဒရုန်းယာဥ်တွေကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဆီးရီးယားမှာ အမေရိကန် တပ်ဖွဲ့ဝင် ၉၀၀ ဝန်းကျင်ရှိပြီး IS စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG