သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ခံနိုင်ဂျာသမ္မတထိန်းသိမ်းခံရမှု ကန်ရှုတ်ချ


နိုင်ဂျာသမ္မတ Mohamed Bazoum
နိုင်ဂျာသမ္မတ Mohamed Bazoum
နိုင်ဂျာနိုင်ငံမှာ အဏာသိမ်းဖို့ ကြိုးပမ်းချက်အဖြစ် သမ္မတ Mohamed Bazoum ကို သူ့ရဲ့ သမ္မတ ကိုယ်ရံတော်အဖွဲ့ဝင်တွေက သမ္မတအိမ်တော်ထဲမှာ ထိန်းသိမ်းထားတဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး အာဖရိက ခေါင်းဆောင်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုကလည်း ရှုတ်ချခဲ့ပြီး သမ္မတကိုချက်ချင်း လွှတ်ပေးဖို့ ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။

အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က “သမ္မတ Bazoum ဦးဆောင်တဲ့ နိုင်ဂျာရဲ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုနှောင့်ယှက်တဲ့ ကြိုးပမ်းမှုမှန်သမျှကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း” Sullivan ပြောဆိုခဲ့သလို အမေရိကန်ပြည်ထောင်စုက အလွန်စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ Bazoum ကို ချုပ်နှောင်ထားမှုကနေ လွှတ်ပေးပြီး အကြမ်းဖက်မှုတွေကနေ ရှောင်ကြဉ်ဖို့ သမ္မတရဲ့ ကိုယ်ရံတော်တပ်ကိုလည်း အထူးတိုက်တွန်းထားပါတယ်။ အမေရိကန် နိုင်ငံသားတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့နိုင်ခြေနဲ့ ပတ်သက်ပြီး အခုအချိန်အထိ ဆွေးနွေးမှု မရှိသေးဘူးလို့ ပြောပါတယ်။

အနောက်အာဖရိကရဲ့ အဓိကဒေသတွင်း စီးပွားရေး အစုအဖွဲ့ ECOWAS ကလည်း အာဏာသိမ်းရန် ကြိုးပမ်းမှုအပေါ် စိုးရိမ်မိကြောင်းနဲ့ Bazoum ကို လွှတ်ပေးဖို့ တောင်းဆိုထားသလို အာဖရိကသမဂ္ဂက လည်း ရှုတ်ချခဲ့ပြီးပါ၀င်ပတ်သက်နေတဲ့ "တရားခံ" စစ်သားတွေအနေနဲ့ စစ်တန်းလျားတွေကို ချက်ချင်းပြန်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။
ရွေးကောက်ခံနိုင်ဂျာသမ္မတထိမ်းသိမ်းခံရမှု ကန်ရှုတ်ချ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG