သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် တရုတ်အတိုက်အခံတဦးရဲ့ ဇနီးနဲ့သမီး ထိုင်းမှာဖမ်းဆီးခံရ


Gao Peng, son of Chinese dissident Gao Zhi, speaks during an interview with The Associated Press in Bangkok, Thailand, on July 17, 2023.
Gao Peng, son of Chinese dissident Gao Zhi, speaks during an interview with The Associated Press in Bangkok, Thailand, on July 17, 2023.


ပြည်ပရောက် ထင်ရှားတဲ့ တရုတ်အတိုက်အခံ တဦးဖြစ်သူ Gao Zhi ရဲ့ ဇနီးနဲ့ သမီးတို့ကို ထိုင်းနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေး စွဲချက်နဲ့ ထိန်းသိမ်းထားကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။ သူတို့ရဲ့ နာမည်တွေသုံးပြီး လေဆိပ်တွေ၊ ဇိမ်ခံဟိုတယ်တွေနဲ့ ဘန်ကောက်က တရုတ်သံရုံးတို့ကို ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ဆက်တိုက် ထွက်ပေါ်ခဲ့ပြီး အခုလို ထိန်းသိမ်း ခံထားရတာပါ။ ဗုံးခွဲခြိမ်းခြောက်မှုတွေ မလုပ်ခဲ့ဘူးလို့ စွပ်စွဲခံထားရတဲ့ မိသားစုက ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတွေနဲ့ ဘာသာရေး လူနည်းစုတွေကို အကာအကွယ်ပေးရာမှာ ထင်ရှားကျော်ကြားတဲ့ တရုတ်လူ့အခွင့်အရေးရှေ့နေနဲ့ အတိုက်အခံခေါင်းဆောင် Gao Zhi ရဲ့ သားဖြစ်သူ Gao Peng ဟာ အခုလ အစောပိုင်းတုန်းက ထိုင်းနိုင်ငံကို ရောက်လာခဲ့ချိန်မှာ သူ့အပေါ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရတာ၊ ဥရောပသမဂ္ဂ(EU)ရဲ့ ခရီးသွားခွင့် ပိတ်ပင်ထားတဲ့ နာမည်ပျက်စာရင်းမှာ ထည့်သွင်းခံခဲ့ရတာတွေကို မသိခဲ့ရဘူးလို့ အေပီသတင်းဌာနကို ပြောခဲ့ပါတယ်။ ဒါအပြင့် အခုလို သူ့မိခင်နဲ့ ၁၆ နှစ်ပဲရှိသေးတဲ့ သူ့နှမဖြစ်သူတို့ကို ဖမ်းဆီးကာ တရုတ်ပြည်ကို ပြန်ပို့မယ်ဆိုပြီး ခြိမ်းခြောက်ခံရမယ် မျှော်လင့်မထားဘူး ဆိုပါတယ်။

“ကျနော့်အဖေက ကျနော့်အမေနဲ့ ညီမအကြောင်းကိုမေးဖို့ ထိုင်းရဲကို ဆက်သွယ်ခဲ့ပါတယ်။ ကျွန်တော့်အမေနဲ့ ညီမငယ်တို့က ဝန်ခံဖြောင့်ချက် လက်မှတ်ထိုးထားပြီး သူတို့ကို စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတယ်လို့ ရဲက ပြောပါတယ်။” ဆိုပြီး အတိုက်အခံခေါင်းဆောင် Gao Zhi ရဲ့ သားဖြစ်သူ Gao Peng က ပြောပါတယ်။

Gao Zhi နဲ့ သားဖြစ်သူ Gao Peng တို့ရဲ့ AP သတင်းဌာနကို ပြောကြားချက်တွေကို သီးခြား အတည်မပြုနိုင်သေးပေမယ့် သူတို့ရဲ့ ပြောကြားချက်တွေက တခြား တရုတ် အတိုက်အခံတွေ ရင်ဆိုင်နေရတာတွေကို ထင်ဟပ်နေပါတယ်။ တရုတ်အာဏာပိုင်တွေဟာ အတိုက်အခံတွေရဲ့ နာမည်တွေကို အသုံးချပြီး ဗုံးခွဲခြိမ်းခြောက်မှုများ ပြုလုပ်နေတယ်လို့ ယုံကြည်ထားကြတာပါ။ တရုတ်နိုင်ငံဟာ နိုင်ငံရပ်ခြားမှာနေထိုင်နေတဲ့ နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို နှောက်ယှက်နိုင်ဖို့ ပိုပြီး ထိရောက်တဲ့နည်းလမ်းတွေ အသုံးပြုနေတယ်လို့ အတိုက်အခံတွေက စွပ်စွဲလေ့ရှိပါတယ်။

အခုလောလောဆယ်မှာတော့ Gao Zhi က သူ့မိသားစုအတွက် အသနားခံပေးဖို့ နယ်သာလန်အစိုးရနဲ့ ထိုင်းအစိုးရတွေဆီ စာပေးပို့ ထားတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG