သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး ကမ္ဘာ့ဖလား ဒုတိယဆင့် ရှုံးထွက်ပွဲ အကြိုသုံးသပ်ချက်


FBL-WC-2023-WOMEN-MATCH-GER-COL
FBL-WC-2023-WOMEN-MATCH-GER-COL

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲတွေ အုပ်စုပွဲစဉ်တွေ ကြာသပတေးနေ့က ပြီးဆုံးသွားခဲ့ပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ နာမည်ကြီးအသင်းတချို့ အုပ်စုအဆင့်ကပဲ ထွက်လိုက်ရပါတယ်။ ဒုတိယအဆင့်ရှုံးထွက်ပွဲတွေကို စနေနေ့မှာ စတင်မှာကစားကြမှာဖြစ်ပြီး ဒီပွဲတွေအပေါ် ပွဲကြိုသုံးသပ်ချက်နဲ့ ဒီပြိုင်ပွဲမှာ ဘယ်အသင်းတွေ ဗိုလ်စွဲနိုင်ချေရှိသလဲဆိုတဲ့ ရှေ့အလားအလာတွေ အပေါ် သုံးသပ်ချက်တွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲတွေ အုပ်စုပွဲစဉ်တွေ ကြာသပတေးနေ့က ပြီးဆုံးသွားခဲ့ပါပြီ။ ဆွစ်ဇာလန်၊ သြစတြေးလျ၊ ဂျပန်၊ အင်္ဂလန်၊ နယ်သာလန်၊ ပြင်သစ်၊ ဆွီဒင် နဲ့ ကိုလံဘီယာအသင်းတွေက အုပ်စု ပထမရပြီး ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အထဲက အမေရိကန် နဲ့ စပိန်တို့ကတော့ အုပ်စု ဒုတိယပဲ ရပြီး ၊ ဂျာမနီ နဲ့ ဘရာဇီးတို့က အုပ်စုအဆင့်က ထွက်လိုက်ရပါတယ်။
ကြာသပတေးနေ့ကကစားတဲ့ အုပ်စု (H) က နောက်ဆုံးပွဲစဉ်မှာတော့ မော်ရိုကိုက ကိုလံဘီယာကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြိး နာမည်ကြီး ဂျာမနီ နဲ့ တောင်ကိုရီးယားတို့ ၁ ဂိုး စီ သရေဖြစ်သွားလို့ ကိုလံဘီယာ နဲ့ မော်ရိုကိုက ၆ မှတ်စီ နဲ့ နောက်တဆင့်တက်သွားပြီး ဂျာမနီအသင်းကတော့ အုပ်စုကနေ ပြုတ်သွားတာပါ။ ဂျာမနီအသင်းအုပ်စုအဆင့်က ထွက်လိုက်ရတာနဲ့ ပတ်သက်ပြီး ဂျာမနီဘောလုံးပရိသတ် တဦးကတော့-

"လက်ရှိချန်ပီယံ အမေရိကန်အသင်းကတော့ အုပ်စု E မှာ ၁ ပွဲ နိုင် ၂ ပွဲ သရေ နဲ့ ၅ မှတ် နဲ့ အုပ်စု ဒုတိယသာရခဲ့ပြီး ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။" ဆိုတော့ အမေရိကန်အသင်း ချန်ပီယံဘွဲ့ကိုကာကွယ်ပြီး ၃ ကြိမ်ဆက် ဗိုလ်စွဲနိုင်မလား၊ အမေရိကန်အသင်းရဲ့ အလားအလားနဲ့ ပတ်သက်ပြီး ကိုကျော်မျိုးဟန်က ပြောပါတယ်။

အမေရိကန်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားကို ၁၉၉၁၊ ၉၉ ၊ ၂၀၁၅၊ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ၄ ကြိမ် အနိုင်ရထားပြီး ဂျာမနီက ၂ ကြိမ်၊ နော်ဝေး နဲ့ ဂျပန်နိုင်ငံတွေက တကြိမ်စီရထားပါတယ်။ ဆိုတော့ ဒီနှစ်မှာ ဘယ်အသင်း ဗိုလ်စွဲမှာပါလဲ။ အုပ်စုပွဲစဉ်တွေမှာ ကစားသွားတဲ့ ခြေစွမ်းအပေါ်အခြေခံပြီး ကိုကျော်မျိုးဟန်က သုံးသပ်ပါတယ်။

ဒီနေ့ စနေနေ့မှာတော့ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ကစားကြမှာဖြစ်ပြီး၊ ဆွစ်ဇာလန် နဲ့ စပိန်၊ ဂျပန် နဲ့ နော်ဝေးတို့ကစားကြမှာဖြစ်ပါတယ်။ ဒီပွဲတွေကိုတော့ ကိုကျော်မျိုးဟန်က အခုလို ခန့်မှန်းပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလားကိုတော့ ၁၉၉၁ ကစတင်ကျင်းပလာခဲ့တာဖြစ်ပြီး အခုတကြိမ်နဲ့ဆိုရင် ၉ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး အိမ်ရှင်အဖြစ် ၂ နိုင်ငံ ပူးတွဲကျင်းပတာကတော့ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ နောက်ဆုံးဖိုင်နယ်ကိုတော့ လာမယ့် သြဂုတ်လ ၂၀ ရက်နေ့မှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကစားကြမှာဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG