သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွား ရေပိုင်နက်ထဲ တရုတ်အတားအဆီးတွေအတွက် ဖိလစ်ပိုင်ကန့်ကွက်

အငြင်းပွားရေပိုင်နက်အနီး ရပ်နားထားတဲ့ ဖိလစ်ပိုင် ငါးဖမ်းစက်လှေ
အငြင်းပွားရေပိုင်နက်အနီး ရပ်နားထားတဲ့ ဖိလစ်ပိုင် ငါးဖမ်းစက်လှေ

တောင်တရုတ်ပင်လယ်ပြင်က ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ရေပြင်မှာ တရုတ်ကမ်းစောင့် တပ်ဖွဲ့တွေက ရေပေါ် အတားအဆီးတွေ ချထားတာကြောင့် ငါးဖမ်းကွက်တွေထဲ ဖိလစ်ပိုင်သင်္ဘောတွေ ဝင်မရဘဲ ဖြစ်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဒီကနေ့ပဲ ပြစ်တင်ဝေဖန်လိုက်ပါတယ်။ Scarborough Shoal ကျွန်းတွေအနီးတဝိုက်မှာ တရုတ်နိုင်ငံက ရေပေါ် အတားအဆီးတွေ ချထားတဲ့အပေါ် ဖိလစ်ပိုင် ကမ်းစောင့်တပ်ဖွဲ့နဲ့ ရေလုပ်ငန်းဌာနတို့က အပြင်းအထန် ရှုတ်ချကြောင်း ကမ်းစောင့်တပ်ပြောခွင့်ရက X လူမှုကွန်ရက် (ယခင် Twitter) မှာ ပြောခဲ့တာပါ။

အတားအဆီးတွေကြောင့် ဖိလစ်ပိုင် ငါးဖမ်းသမားတွေ စားဝတ်နေရေး အခက်ကြုံရတယ်လို့လည်း ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က တရုတ်သံရုံးကတော့ မှတ်ချက်ပေးတာ မရှိသေးပါဘူး။ တောင်တရုတ်ပင်လယ်ပြင် ၉၀ ရာခိုင်နှုန်းလောက်ကို တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ဒီအထဲမှာ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက ကမ်းလွန် စီးပွားရေးဇုန်နယ်မြေတွေလည်း ပါဝင်နေတာပါ။ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ Scarborough Shoal ကျွန်းကိုတော့ တရုတ်နိုင်ငံက ၂၀၁၂ ခုနှစ်ကတည်းက ထိန်းချုပ်ထားပြီး၊ ဖိလစ်ပိုင်ငါးဖမ်းသမားတွေ အနီးအနား ဖြတ်သန်းသွားလာတာတွေကိုလည်း တားမြစ်ထားပါတယ်။

အငြင်းပွား ရေပိုင်နက်ထဲ တရုတ်အတားအဆီးတွေအတွက် ဖိလစ်ပိုင်ကန့်ကွက်
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG