သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀င်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲခိုင်းမယ့် စစ်ကောင်စီ အစီအစဉ် ဘန်ကောက်မှာဆန္ဒပြ


၀င်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲခိုင်းမယ့် စစ်ကောင်စီ အစီအစဉ် ဘန်ကောက်မှာဆန္ဒပြ (စက်တင်ဘာ ၂၄၊ ၂၀၂၃)
၀င်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲခိုင်းမယ့် စစ်ကောင်စီ အစီအစဉ် ဘန်ကောက်မှာဆန္ဒပြ (စက်တင်ဘာ ၂၄၊ ၂၀၂၃)

ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လစာထဲက အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်ပို့ရမဲ့ အစီအစဉ်ကို ဒီကနေ့ ဘန်ကောက်မြို့တော်မှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဝင်ငွေ ၄ ပုံ ၁ ပုံကို တရားဝင် ငွေလွှဲစနစ်နဲ့ ပြန်ပို့ဖို့ စစ်ကောင်စီက စီစဉ်နေတာကို ဆန့်ကျင်တဲ့ အနေနဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတချို့ ကုလသမဂ္ဂရုံး အပြင်ဖက်မှာ ဆန္ဒပြခဲ့ကြတာပါ။

ပြည်ပမှာ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်း တရားဝင်ပြန်ပို့ရမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ညှိနှိုင်းနေကြောင်း အလုပ်သမားရေးဌာန အမြဲတမ်း အတွင်းဝန် ဦးညွှန့်ဝင်းက ပြီးခဲ့တဲ့ လထဲမှာပဲ ဗွီအိုအေကို ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် စီးပွားရေးနဲ့ ဘဏ္ဍာရေးပြဿနာတွေ ပေါ်ပေါက်နေချိန်မှာပဲ စစ်ကောင်စီက ပြည်ပရောက် မြန်မာတွေထံက ငွေပြန်ပို့တဲ့ အစီအစဉ်မှာ အပြောင်းအလဲလုပ်ဖို့ ခြေလှမ်းပြင်လာတာပါ။ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ စင်္ကာပူက မြန်မာ အလုပ်သမားတွေ မြန်မာနိုင်ငံက မိသားစုတွေထံ ပြန်ပို့တဲ့ ငွေပမာဏဟာ ၂၀၂၂၊ နိုဝင်ဘာလ ၁ ရက်ကနေ ၂၀၂၃၊ ဧပြီလ ၂၈ ရက် အထိ ၆လ အတွင်း အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိတယ်လို့ မြန်မာသံရုံးတွေက မကြာသေးခင်က သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG