သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအားကစားပွဲ ရိုးရာလှေပြိုင်ပွဲမှာ မြန်မာအသင်း ကြေးတံဆိပ်ဆုရ


အာရှအားကစားပွဲ ရိုးရာလှပြိုင်ပွဲမှာ မြန်မာအသင်း ကြေးတံဆိပ်ဆုရ
အာရှအားကစားပွဲ ရိုးရာလှပြိုင်ပွဲမှာ မြန်မာအသင်း ကြေးတံဆိပ်ဆုရ

တရုတ်နိုင်ငံ Hangzhou မြို့မှာကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ရိုးရာလှေပြိုင်ပွဲမှာ ကြေးတံဆိပ်တခု ထပ်မံ ရရှိခဲ့ပါတယ်။ ရိုးရာလှေပြိုင်ပွဲ အမျိုးသမီး ၁၂ ယောက်တွဲ မီတာ ၅၀၀ ဖိုင်နယ်ကို ဒီနေ့ ကြာသပတေးနေ့မှာ ပြိုင်ကြတာမှာ မြန်မာက တတိယ ရရှိခဲ့တာပါ။

ဖိုင်နယ်ကို ၆ နိုင်ငံပြိုင်ခဲ့ကြတာမှာ အိမ်ရှင် တရုတ်နိုင်ငံက ပထမ၊ အင်ဒိုနီးရှားက ဒုတိယ၊ မြန်မာကတတိယ ရပြီး၊ ထိုင်း၊ မြောက်ကိုရီးယား နဲ့တောင်ကိုရီးယားနိုင်ငံတွေက အဆင့် ၄ ၊ ၅ ၊ ၆ အသီးသီးရရှိခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအားကစားအဖွဲ့ဟာ အောက်တိုဘာ ၄ ရက်နေ့ကလည်း ပိုက်ကျော်ခြင်း အမျိုးသား ၄ ယောက်တွဲမှာ ရွှေတံဆိပ်ရခဲ့တဲ့အတွက် အခုတခါ ရိုးရာလှေကနေ ကြေးတံဆိပ်တခုထပ်ရလိုက်တဲ့အတွက် ဒါဟာ မြန်မာအားကစားအဖွဲ့အတွက်တော့ အခုတကြိမ် အာရှ အားကစားပြိုင်ပွဲမှာ ဒုတိယမြောက် ဆုတံဆိပ်ရရှိတာဖြစ်ပါတယ်။

အာရှအားကစားပွဲ ရိုးရာလှပြိုင်ပွဲမှာ မြန်မာအသင်း ကြေးတံဆိပ်ဆုရ
အာရှအားကစားပွဲ ရိုးရာလှပြိုင်ပွဲမှာ မြန်မာအသင်း ကြေးတံဆိပ်ဆုရ

ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့အထိ နောက်ဆုံးရရှိတဲ့ စာရင်းတွေအရတော့၊ အိမ်ရှင်တရုတ်နိုင်ငံက ရွှေ ၁၇၄ ခု၊ ငွေ ၉၆ ခု၊ ကြေး ၅၃ ခု နဲ့ ပထမနေရာမှာ ရပ်တည်နေပြီး၊ ဂျပန်နိုင်ငံက ရွှေ ၃၇ ၊ ငွေ ၅၁၊ ကြေး ၅၉ နဲ့ ဒုတိယ၊ တောင်ကိုရီးယားနိုင်ငံက ရွှေ ၃၃ ၊ ငွေ ၄၅၊ ကြေး ၇၂ ခု နဲ့ တတိယ နေရာမှာ ရပ်တည်နေပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ ထိုင်းနိုင်ငံက ဆုတံဆိပ်အများဆုံးရထားပြီး ရွှေ ၁၀ ခု ၊ ငွေ ၁၂ ခု ၊ ကြေး ၂၇ ခု နဲ့ အဆင့် ၇ နေရာရပ်တည်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG