သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူချစ်သူများ အားကစားပွဲတော် အာရှမှာ ပထမဆုံးအကြိမ် ကျင်းပ


FILE - Participants hold a giant rainbow flag during a LGBTQ+ Pride Parade in Hong Kong on Nov. 8, 2014. Same-sex couples won an appeal on Oct. 24, 2023, on a ruling that grants them equal inheritance rights.
FILE - Participants hold a giant rainbow flag during a LGBTQ+ Pride Parade in Hong Kong on Nov. 8, 2014. Same-sex couples won an appeal on Oct. 24, 2023, on a ruling that grants them equal inheritance rights.

လိင်တူချစ်သူများ အားကစားပွဲတော် အာရှမှာ ပထမဆုံးအကြိမ် ကျင်းပ

အာရှဒေသမှာ ပထမဆုံး လိင်တူစုံမတ်သူတွေရဲ့ အားကစားပွဲတော် Gay Games Hong Kong ကို စနေနေ့က စတင်လိုက်ပါတယ်။ လိင်တူစုံမက်သူ LGBTQ အသိုင်းအဝိုင်းကို ဆန့်ကျင်တဲ့ လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေးသမားတွေကပါ ကန့်ကွက်တာတွေ ရှိနေတဲ့ကြားကပဲ ဒီ အားကစားပွဲတော်ကို စတင်လိုက်တာပါ။

စနေနေ့က ဖွင့်ပွဲအခမ်းအနားမှာ လိင်တူချစ်သူများ အားကစားအဖွဲ့ချုပ် နဲ့ ကမ္ဘာတဝန်းက ကိုယ်စားလှယ်တွေ စီတန်း ချီတက်ခဲ့ကြပြီး တရုတ် အော်ပရာ အပါအဝင် ဂီတဖျော်ဖြေပွဲတွေလည်း ပါဝင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၄၅ နိုင်ငံက လိင်တူစုံမက်သူ ၂၃၀၀ ကျော် ပါဝင်ပြီး ကဏ္ဍအလိုက်ခွဲထားတဲ့ အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဥ်ပြိုင်ကြမှာပါ။

နဂါးလှေပြိုင်ပွဲနဲ့ တရုတ် မာဂျုံး (mahjong) လို ယဥ်ကျေးမှု ရိုးရာပွဲတွေလည်း ပါဝင်ပါတယ်။ အခုအားကစားပွဲတော်ကိုတော့ ဟောင်ကောင်နဲ့အတူ မက္ကဆီကို Guadalajara မြို့ က ပူးတွဲ စီစဥ် ကျင်းပကြတာ ဖြစ်ပြီး ၉ ရက်တာ ကျင်းပသွားမှာပါ။ ပြီးခဲ့တဲ့နှစ်ကတည်းက ဒီပွဲတော် ကျင်းပဖို့ ကြိုးပမ်းခဲ့ကြပေမဲ့ အဲ့ဒီအချိန်က ကိုဗစ် ကာကွယ်ရေး စည်းမျဥ်း ကန့်သတ်ချက်တွေ ရှိနေသေးတာကြောင့် မကျင်းပနိုင်ခဲ့ပါဘူး။

ဒီနှစ်မှာ ကန့်သတ်ချက်တွေမရှိဘဲ ကျင်းပနိုင်တယ် ဆိုပေမဲ့လည်း ဘာသာရေး အဖွဲ့အစည်းတချို့နဲ့ လိင်တူစုံမက်သူတွေကို လက်မခံသူတချို့ရဲ့ ကန့်ကွက် ဆန္ဒပြတာတွေတော့ ကြုံခဲ့ရပါတယ်။ ပြိုင်ပွဲကျင်းပသူတွေ ကတော့ ခုလို ပွဲကနေ လူမှုအသိုင်းအဝိုင်းအတွင်း လိင်တူစုံမက်သူတွေကို ပိုမို နားလည် လက်ခံလာပြီး ခွဲခြား ဆက်ဆံမှုတွေကို တိုက်ဖျက်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုကြပါတယ်။

ဟောင်ကောင်မှာ လိင်တူစုံမက်သူတွေကို တရားဝင် ထိမ်းမြားလက်ထပ်ခွင့် အသိအမှတ်ပြု မထားသလို၊ သူတို့အပေါ် ခွဲခြားဆက်ဆံမှုတွေကို အရေးယူတဲ့ ဥပဒေ ပြဌာန်းထားတာလည်း မရှိပါဘူး။ မနေ့က ဖွင့်ပွဲအခမ်းအနားကိုလည်း ဟောင်ကောင်အစိုးရက

တိုက်ရိုက် လင့်ခ်

ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တက်ရောက်ခြင်း မရှိသလို အားကစားပြိုင်ပွဲတွေကို တရားဥပဒေနဲ့အညီ အေးအေးချမ်းချမ်း အန္တရာယ်ကင်းကင်း ကျင်းပရလိမ့်မယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက သတိပေး ထားပါတယ်။

XS
SM
MD
LG