သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဒီဝါလီမီးထွန်းပွဲ ဆီမီးအများဆုံး ဂင်းနစ်စံချိန်တင်


Hindu women light oil lamps at the Banganga pond as they celebrate Dev Diwali festival in Mumbai, India,
Hindu women light oil lamps at the Banganga pond as they celebrate Dev Diwali festival in Mumbai, India,

အိန္ဒိယနိုင်ငံမှာဟိန္ဒူဘာသာဝင်တွေအတွက်အထွဋ်အမြတ်ဘာသာရေးပွဲတော် ဒီဝါလီ မီးထွန်းပွဲ ဒီကနေ့ကစပြီးကျင်းပနေကြသလို၊ ပွဲတော်အကြိုည စနေနေ့တုန်းကတော့ Uttar Pradesh ပြည်နယ်၊အယုဒ္ဒယမြို့မှာရှိတဲ့ဟိန္ဒူဘုရားကျောင်းကြီးမှာ ဆီမီး ၂ သန်းကျော် ထွန်းညှိပြီး ဆီမီးအများဆုံး ကမ္ဘာ့ ဂင်းနစ်စံချိန် မှတ်တမ်း ဝင်သွားပါတယ်

အိန္ဒိယ ဒီဝါလီမီးထွန်းပွဲ ဆီမီးအများဆုံး ဂင်းနစ်စံချိန်တင်

အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘာသာဝင်တွေ အတွက် အထွဋ်အမြတ် ဘာသာရေးပွဲတော် ဒီဝါလီ မီးထွန်းပွဲ ဒီကနေ့က စပြီး ကျင်းပနေကြသလို၊ ပွဲတော်အကြိုည စနေနေ့တုန်းကတော့ Uttar Pradesh ပြည်နယ်၊ အယုဒ္ဒယမြို့မှာရှိတဲ့ ဟိန္ဒူ ဘုရားကျောင်းကြီးမှာ ဆီမီး ၂ သန်းကျော် ထွန်းညှိပြီး ဆီမီးအများဆုံး ကမ္ဘာ့ ဂင်းနစ်စံချိန် မှတ်တမ်း ဝင်သွားပါတယ်။

တနှစ်ထက်တနှစ် အရေအတွက် ပိုများအောင် လုပ်ပြီး ကမ္ဘာ့ စံချိန်ချိုးနိုင်ဖို့အတွက် လူမှု အလွှာပေါင်းစုံက လူတန်းစား ပေါင်းစုံ စေတနာ့ဝန်ထမ်းများစွာ ပါဝင်ခဲ့ကြပြီး ဆီမီးပေါင်း ၂ သန်း ၂ သိန်း ၂ သောင်း ၃ ထောင် ထွန်းညှိခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကတော့ ဆီမီးပေါင်း ၁ သန်းခွဲကျော် ထွန်းပြီး အဲ့ဒီအချိန်က အများဆုံး စံချိန် တင်ခဲ့ပါတယ်။

ဟိန္ဒူ ဘာသာဝင်တွေ အတွက် မြင့်မြတ်တဲ့ အထင်ကရမြို့ Uttar Pradesh မှာရှိတဲ့ ရာမ နတ်ဘုရားကျောင်းတော်ကြီးနဲ့ Sarayu မြစ်ကမ်းတလျှောက် ၃ ကီလိုမီတာရှည်လျားတဲ့ ဆီမီးတန်းကြီး ဖြစ်အောင် ထွန်းညှိ ပူဇော်ခဲ့ကြတာပါ။

အိန္ဒိယနိုင်ငံမှာ နှစ်စဥ်နှစ်တိုင်း ခုလို ဆောင်းဦးဝင်ချိန် ကျင်းပတဲ့ ဒီပါလီ မီးထွန်းပွဲ တော်ဟာ ဟိန္ဒူဘာသာရေး ပွဲတော်တွေထဲမှာတော့ အထင်ရှားဆုံး ပွဲတော်တခုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG