သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်စာဆီ သယ်ဆောင်တဲ့ ယာဥ်တန်း ဂါဇာကို ဝင်ရောက်


လောင်စာဆီ သယ်ဆောင်တဲ့ ယာဥ်တန်း ဂါဇာကို ဝင်ရောက်

ဂါဇာကမ်းမြောင်ဒေသထဲကို ဝင်ရောက်မယ့် အကူအညီပေးရေး ယာဥ်တန်း ၂ ရက်ကြာ ပိတ်မိနေခဲ့ပြီး အဆက်အသွယ်တွေ ပြတ်တောက်ခဲ့ရတဲ့ အခြေအနေ အဆုံးသတ်နိုင်ဖို့အတွက် အစ္စရေးအနေနဲ့ အကူအညီတွေကို အကန့်အသတ်နဲ့ ဖြန့်ဝေနိုင်အောင် လုပ်ပေးဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို အစ္စရေးဘက်က လိုက်လျောခဲ့ပြီးတဲ့နောက် သောကြာနေ့ နှောင်းပိုင်းက ပထမဆုံး လောင်စာဆီ ယာဥ်တန်း အီဂျစ်နယ်စပ်ကနေ ဂါဇာကို ဝင်ရောက်ခွင့် ရသွားပါတယ်။

လွန်ခဲ့တဲ့ သီတင်း ၆ ပတ်အတွင်း အစ္စရေးက မြေပြင်ကရော ဝေဟင်ကပါ အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ဂါဇာဒေသမှာ ပိတ်မိနေကြတဲ့ ပါလက်စတိုင်း ၂.၄ သန်းအတွက် အကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ က ပြောဆိုနေကြတာပါ။

ဂါဇာဒေသထဲမှာ ရှိတဲ့ အရပ်သားတွေဟာ အငတ်ဘေးကြုံမယ့် အခြေအနေ ရင်ဆိုင်နေရပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အမှုဆောင်ဒါရိုက်တာ Cindy McCain က ကြာသပတေးနေ့က သတိပေး ပြောကြားခဲ့ပါတယ်။ ဂါဇာမှာ အစားအသောက် နဲ့ သောက်သုံးရေ လုံးဝ မရှိသလောက် ဖြစ်နေပြီး၊ လိုအပ်နေတာရဲ့ အစိတ်အပိုင်းလေးလောက်ပဲ နယ်စပ်ကနေ ရောက်လာနေတယ်လို့ WFP အကြီးအကဲက ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လူ့အသက်တွေ ကယ်ဆယ်နိုင်ဖို့ နောက်ထပ် ပို့ဆောင်ပေးနိုင်မယ့် လမ်းကြောင်း ပွင့်လာဖို့ဆိုတဲ့ မျှော်လင့်ချက်ပဲ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ Hamas စစ်သွေးကြွတွေရဲ့ အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်မှု လုပ်ခဲ့ပြီးကတည်းက ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ပိတ်ဆို့ထားတာပါ။ လူသားချင်းစာနာတဲ့ အကူအညီတွေကိုတော့ နိုင်ငံတကာရဲ့ ကြားဝင်မှုကြောင့် အီဂျစ်နဲ့ နယ်စပ်ဖြစ်တဲ့ Rafah နယ်စပ်ဂိတ်တခုထဲကနေ အစ္စရေးက အကန့်အသတ်နဲ့ ပို့ခွင့်ပြုထားတာဖြစ်ပါတယ်

XS
SM
MD
LG