သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ၊ ယူကရိန်း နဲ့ အရှေ့အလယ်ပိုင်းအတွက် ငြိမ်းချမ်းရေး ပုပ်ရဟန်းမင်းကြီးဆုတောင်း


Pope Francis leads the Angelus prayer on the World Day of the Poor at the Vatican
Pope Francis leads the Angelus prayer on the World Day of the Poor at the Vatican

မြန်မာအပါအဝင် ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကို လက်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဗာတီကန်က စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ အပတ်စဉ် ဝတ်ပြုဆုတောင်းပွဲအတွင်း တိုက်တွန်းလိုက်ပါတယ်။

“သူ့အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ နီးနီးကပ်ကပ်ရှိနေပြီး၊ မြန်မာပြည်သူတွေအနေနဲ့ စိတ်ဓါတ်မကျဘဲ ဘုရားသခင်ရဲ့ အကူအညီတွေ ကောင်းချီးပေးမှုတွေရဖို့ အမြဲတမ်းဆုတောင်းပေးနေတယ်လို့” ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးရဖို့ ဖြစ်နိုင်ပြီး ကောင်းမွန်တဲ့စိတ်ဆန္ဒရှိဖို့ လိုအပ်ကြောင်း စစ်ပွဲတွေဖြစ်တိုင်း လက်နက်ထုတ်တဲ့သူတွေပဲ အကျိုးအမြတ်ရပြီး ကျန်တဲ့သူ အားလုံးရှုံးတာကြောင့် လက်မလျှော့ကြဖို့ တိုက်တွန်းလိုက်ပြီး၊ အစ္စရေးလ်-ပါလက်စတိုင်းနဲ့ ယူကရိန်းပြည်သူတွေအတွက်လည်း ဆုတောင်းပေးနေတယ်လို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီက စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံတဝန်း ငြိမ်းချမ်းစွာ လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က အကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့် နောက်ပိုင်းမှာတော့ လက်နက်ကိုင်တော်လှန်တဲ့အထိ ဖြစ်လာခဲ့တာပါ။

မကြာသေးခင်ကတော့ ရှမ်းမြောက်ဒေသက ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစပြီး နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG