၂၀၂၄ နှစ်သစ်ကူးပြောင်းချိန်မှာတော့ ကမ္ဘာမှာ ယူကရိန်းစစ်ပွဲနဲ့ ဂါဇာစစ်ပွဲကြီးတွေ၊ မြန်မာနိုင်ငံမှာလည်း စစ်အာဏာရှင်အုပ်စိုးမှုနဲ့ ခုခံတွန်းလှန်သူတွေအကြား စစ်ပွဲတွေနဲ့ ငြိမ်းချမ်းမှုမရှိတဲ့ အခြေအနေတွေက အရိပ်မိုးတွေပါတယ်။ ကမ္ဘာတလွှား ၂၀၂၄ နှစ်သစ်ကို ဘယ်လိုကူးပြောင်းကြိုဆိုကြလဲဆိုတာ ဓာတ်ပုံတွေက ပြောပြနေပါတယ်။
၂၀၂၄ နှစ်သစ်ကူး ကမ္ဘာတဝန်း ဆင်နွှဲ

၁
နယူးဇီလန်နိုင်ငံကတော့ နှစ်သစ်ကိုကူးပြောင်းတဲ့ အစောဆုံးနိုင်ငံတွေထဲ တခုအပါအဝင်ဖြစ်ပါတယ်။ အောက်ကလန်မြို့တော် ကောင်းကင်မျှော်စင် စကိုင်းတာဝါကနေ မီးရှူးမီးပန်းတွေ ဖျာထွက်နေတဲ့အလား ဖြစ်နေတာ ဓာတ်ပုံမှာ တွေ့ရပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄

၂
နယူးဇီလန်နှစ်သစ်ကူးပြောင်းပြီး နောက် ၂ နာရီအကြာမှာတော့ ဩစတေးလျနိုင်ငံက ဆစ်ဒနီမြို့ ၂၀၂၄ နှစ်သစ်ကို ရောက်ပါတယ်။ နှစ်သစ်ကြိုည ဆင်နွှဲချိန်မှာ ဆစ်ဒနီ နာမည်ကျော် အော်ပရာ ဟောက်စ်၊ Opera House နဲ့ ဟာဘာဘရစ်ချ် တံတားကြီးတို့နဲ့ ကောင်းကင်က မီးရှူးမီးပန်းတွေက လိုက်ဖက်လှပနေပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄

၃
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာတော့ ညဉ့်သန်းခေါင်ကျော်လို့ နှစ်သစ်ကိုကူးပြောင်းပြီဆိုတာနဲ့ ဇိုဂျိူဂျီ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းက ဧရာမခေါင်းလောင်းကြီးကို ထိုးခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄

၄
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ နှစ်သစ်ကို ကြိုဆိုခဲ့ကြပုံပါ။ ဇန်နဝါရီ ၁၊ ၂၀၂၄