သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တံဆိပ်ခေါင်းမှာ မြင်ရမယ့် Spice Girls ပေါ့ပ်အဖွဲ့


Spice Girls အဖွဲ့ဓါတ်ပုံနဲ့ ဗြိတိန်စာတိုက် တံဆိပ်ခေါင်း
Spice Girls အဖွဲ့ဓါတ်ပုံနဲ့ ဗြိတိန်စာတိုက် တံဆိပ်ခေါင်း

ဗြိတိန်နိုင်ငံမှာ ကမ္ဘာကျော်အောင်မြင်ကျော်ကြားတဲ့ ဂီတအဖွဲ့တွေကို တံဆိပ်ခေါင်းထုတ်ဂုဏ်ပြုလေ့ရှိတာမှာ ဒီနှစ်တော့ ၁၉၉၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ Spice Girls အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ရဲ့ ပုံတွေနဲ့ တံဆိပ်ခေါင်း ထုတ်လိုက်ပါတယ်။ ဒါဟာ သမိုင်းဝင်ဖြစ်ရပ်အဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ကို တံဆိပ်ခေါင်းထုတ်တာ ဒါသမိုင်းမှာ ပထမဆုံးအကြိမ်ပါ။

ကမ္ဘာတလွှား ဖျော်ဖြေပွဲတွေက အဖွဲ့ရဲ့ ပုံတွေအပြင်၊ အဖွဲ့ဝင်တဦးချင်းစီရဲ့ ဓာတ်ပုံတွေပါ ပါဝင်ပါတယ်။ Spice Girls အဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ ထွက်လာတဲ့ အဖွဲ့ဖြစ်ပြီး ဒီနှစ်က သူတို့ရဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ်နှစ် ဖြစ်ပါတယ်။ Royal Mail စာတိုက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အထူး တံဆိပ်ခေါင်း ၁၅ ဟာ Royal Mail အနေနဲ့ တံဆိပ်ခေါင်းတတွဲလုံးကို အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ကိုပဲ သီးသန့်ထုတ်ဝေတဲ့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်လို့ ပြောထားပါတယ်။ ဂီတအဖွဲ့အနေနဲ့ဆို ၆ ဖွဲ့မြောက် တံဆိပ်ခေါင်းထုတ် ဂုဏ်ပြုခံရတာလည်း ဖြစ်ပါတယ်။ ၂၀၀၇ မှာ The Beatles၊ ၂၀၁၆ မှာ Pink Floyd၊ ၂၀၂၀ မှာ Queen၊ ၂၀၂၂ မှာ The Rolling Stones၊ ၂၀၂၃ မှာ Iron Maiden နဲ့ အခု ၂၀၂၄ မှာ Spice Girls တို့ ဖြစ်ပါတယ်။

Spice Girls အဖွဲ့ဓါတ်ပုံနဲ့ ဗြိတိန်စာတိုက် တံဆိပ်ခေါင်း
Spice Girls အဖွဲ့ဓါတ်ပုံနဲ့ ဗြိတိန်စာတိုက် တံဆိပ်ခေါင်း

တံဆိပ်ခေါင်းအတွက် ဓာတ်ပုံတွေရွေးတာကိုတော့ Royal Mail က Spice Girls အဖွဲ့ဝင်တွေနဲ့ တူတူရွေးခဲ့တာပါ။ သူတို့ရဲ့ ထူးခြားတဲ့ ဝတ်စုံတွေကိုပါ သေချာ ထည့်စဉ်းစား ရွေးချယ်တာ ဖြစ်ပါတယ်။ ဥပမာ Halliwell ရဲ့ ယူနီယံဂျက်အလံ ဝတ်စုံ ဖြစ်ပါတယ်။ Spice Girls တွေကလည်း ဒီအခွင့်အရေးအတွက် အထူး စိတ်လှုပ်ရှားနေခဲ့ကြတာပါ။ လွန်ခဲ့တဲ့ နှစ် ၃၀ Spice Girls အဖွဲ့ဆိုတာ ဖြစ်လာတုန်းက တနေ့ဒီလို တံဆိပ်ခေါင်းထုတ်ခံရမယ့် မိန်းကလေးအဖွဲ့ ဖြစ်လိမ့်မယ်လို့ လုံးဝထင်မထားမိဘူးလို့ ဆိုပါတယ်။ Spice Girls အဖွဲ့ဟာ အဖွဲ့ဝင် ၅ ဦးပါဝင်ပြီး Garri Halliwell, Melanie Brown, Victoria Beckham, Melanie C နဲ့ Emma Bunton တို့ ဖြစ်ပါတယ်။ ၁၉၉၈ မှာတော့ အဖွဲ့ဝင်တွေ ကိုယ်စီလမ်းတွေကို ခွဲထွက်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ အဖွဲ့ကို တရားဝင်ရပ်လိုက်တာပါ။ ၂၀၁၂ မှာတော့ တခါ သူတို့ လန်ဒန်အိုလံပစ်ပွဲတော် ပိတ်ပွဲအတွက် ပြန်ဆုံစည်း ဖျော်ဖြေခဲ့ကြပါတယ်။ ၂၀၁၉ မှာလည်း အဖွဲ့ဝင် ၄ ဦးနဲ့ ပြန်ဖျော်ဖြေခဲ့သေးပြီး ဖက်ရှင်ဒီဇိုင်းဖန်တီးသူ ဖြစ်နေတဲ့ Victoria Beckham တော့ အဲ့ဒီဖျော်ဖြေမှုမှာ မပါခဲ့တော့ပါဘူး။

XS
SM
MD
LG