သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နီထဲ ဟူသီအဖွဲ့တိုက်ခိုက်မှု အီရန်ကို အမေရိကန် သီးသန့်စာပို့ ဆွေးနွေး  

US President Joe Biden speaks to the press as he departs from the South Lawn of the White House in Washington, DC, January 13, 2024.
US President Joe Biden speaks to the press as he departs from the South Lawn of the White House in Washington, DC, January 13, 2024.

ပင်လယ်နီထဲ ဟူသီအဖွဲ့တိုက်ခိုက်မှု အီရန်ကို အမေရိကန် သီးသန့်စာပို့ ဆွေးနွေး

အီရန်က ထောက်ခံမှုပေးထားတဲ့ ဟူသီသူပုန်တွေ အနေနဲ့ ပင်လယ်နီထဲမှာ ပုဂ္ဂလိက ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ လုပ်ရပ်အပေါ် တာဝန်ယူရမှာ ဖြစ်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စု အနေနဲ့ အီရန်ကို သီးသန့် သတင်းစကား ပေးပို့ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စနေနေ့မှာ ပြောပါတယ်။

" ကျနော်တို့ရဲ့ သီးသန့်သတင်းစကား ပါးထားပြီ ဖြစ်ကြောင်းနဲ့ ကျနော်တို့ဘက်က အသေအချာ ပြင်ဆင်ထားသလို၊ ယုံကြည်မှု အပြည့်အဝရှိကြောင်း " အားလပ်ရက် Camp David အပန်းဖြေစခန်းကို မထွက်ခွါမီ သမ္မတ ဘိုင်ဒန်က အိမ်ဖြူတော်ရှေ့ ပြောကြားခဲ့တာပါ။

ကုန်တင်သင်္ဘောတွေကို အမေရိကန်က အကာအကွယ်ပေးနေတာနဲ့အမျှ တင်းမာမှုတွေ တိုးနေချိန်မှာ ယီမင်နိုင်ငံထဲ အမေရိကန်ရဲ့ ညဖက် လေကြောင်းတိုက်ခိုက်မှုအပြီး ဟူသီသူပုန်တွေဘက်က ပြင်းထန်ထိရောက်တဲ့ လက်တုံ့ပြန်မှုတခု ထွက်ပေါ်လာတာပါ။

အမေရိကန်နဲ့ ဗြိတိန်တပ်တွေက ယီမင်မှာရှိတဲ့ ဟူသီသူပုန်နဲ့ ပတ်သက်တဲ့နေရာတွေကို အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ တရက်အကြာမှာ ပြုလုပ်တဲ့ နောက်ဆုံး လေကြောင်းတိုက်ခိုက်မှုတခုအတွင်း ရေဒါစခန်းတခုကို ထိမှန်ခဲ့တယ်လို့ အမေရိကန်က ဆိုပါတယ်။ ဒါပေမဲ့ ယီမင်နိုင်ငံနဲ့ စစ် ဖြစ်စရာအကြောင်း ဘာမှ မရှိဘူးဖို့ အမေရိကန် အိမ်ဖြူတော်ပြောခွင့်ရ John Kirby ကသောကြာနေ့က ပြောပါတယ်။

ဟူသီသူပုန်အဖွဲ့ကို နိုင်ငံရပ်ခြား အကြမ်းဖက်အဖွဲ့များစာရင်းက ၂၀၂၁ မှာ အမေရိကန်အစိုးရက ထုတ်ပယ်ထားပေမယ့်၊ ဟူသီတွေဟာ အကြမ်းဖက်တွေသာ ဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ အမေးကို ဂျိုးဘိုင်ဒန်က ပြန်ဖြေခဲ့ပါတယ်။

This item is part of
XS
SM
MD
LG