သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
SOTU 2024 cover
SOTU 2024 cover

သမ္မတ Biden နိုင်ငံတော်အခြေပြမိန့်ခွန်းပြောဆို (တိုက်ရိုက်ထုတ်လွှင့်မှု)

အစိုးရရဲ့ ဆောင်ရွက်ပြီးမြောက်မှုတွေနဲ့ ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို သမ္မတက လွှတ်တော်မှာ အမေရိကန်စံချိန် ကြာသာပတေးနေ့ ည၉နာရီပြောဆိုပါမယ်။ နိုင်ငံရဲ့စီးပွားရေး၊သန္ဓေသားဖျက်ချခွင့်၊ လူဝင်မှုကြီးကြပ်ရေး၊ ယူကရိန်းစစ်၊ ဂါဇာစစ် ကိစ္စရပ်တွေ ပါဝင်မယ်မျှော်လင့်ရပါတယ်။

၂၀၃၀ မှာ ကာဗွန်ထုတ်လွှင့်မှု တဝက်ထိလျှော့ချမယ်လို့ သမ္မတ ဘိုင်ဒန်က ဂတိပြုပါတယ်။

"သန်းကြွယ်သူဌေးတွေအနေနဲ့ ကျောင်းဆရာတဦး၊ သန့်ရှင်းရေးအလုပ်သမားတဦး၊ သူနာပြုတဦးထက် အခွန်ပေးဆောင်မှု နည်းနေတာ မဖြစ်သင့်ပါဘူး။ ဒါကြောင့် သန်းကြွယ်သူဌေးတွေကို အခွန် ၂၅ ရာခိုင်နှုန်း အနိမ့်ဆုံး ကောက်ယူဖို့ ကျနော်အဆိုပြုတာပါ။ " သမ္မတ ဘိုင်ဒန်

အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးတွေ အဆမတန်ဈေးကြီးနေတာကို ပြင်ဆင်နိုင်အောင်လုပ်ဆောင်နေတယ်လို့ သမ္မတက ပြောပါတယ်။

" ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ရတဲ့ တပိုင်းလျှပ်ကူးပစ္စည်းလိုအပ်ချက်တွေကို ချက်နိုင်ငံတွင်း လုပ်ပေးနိုင်ခဲ့တယ်။"

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG