သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ဟောင်ကောင် လွှတ်တော်ထဲဆန္ဒပြခဲ့သူ ၁၂ ယောက် ထောင်ချခံရ
နောက်ဆုံးရသတင်း

ဟောင်ကောင် လွှတ်တော်ထဲဆန္ဒပြခဲ့သူ ၁၂ ယောက် ထောင်ချခံရ


ရုပ်ရှင်သရုပ်ဆောင် Gregory Wong အပါအဝင် ဟောင်ကောင်ကျောင်းသားခေါင်းဆောင်တချို့ ...
ရုပ်ရှင်သရုပ်ဆောင် Gregory Wong အပါအဝင် ဟောင်ကောင်ကျောင်းသားခေါင်းဆောင်တချို့ ...

ဟောင်ကောင်မှာ ၂၀၁၉ ခုနှစ်က လွှတ်တော်ထဲ စီးနင်းဆန္ဒပြမှုနဲ့ ကျောင်းသားခေါင်းဆောင်တချို့ အပါအဝင် အစိုးရဆန့်ကျင် ဆန္ဒပြသူ ၁၂ ဦးကို ဟောင်ကောင်တရားရုံးက ဒီကနေ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။ ကျောင်းသားခေါင်းဆောင် Althea Suen, ရုပ်ရှင်သရုပ်ဆောင် Gregory Wong, တက်ကြွလှုပ်ရှားသူ Ventus Lau နဲ့ Owen Chow တို့အပါအဝင် ၁၂ ဦးကို လွှတ်တော်အဆောက်အဦးကို စီးနင်းမှုမှာ သူတို့ရဲ့ ပါဝင်ပတ်သက်မှု အနည်း အများပေါ် မူတည်ပြီး တရားသူကြီး Li Chi-ho က ထောင်ဒဏ် ၄ နှစ်ခွဲကနေ ၇ နှစ်နီးပါးအထိ ဒီကနေ့ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ ၁၂ ယောက်လုံးဟာ ဆူပူအုံကြွမှုတွေဖြစ်အောင် လှုံ့ဆော်မှုနဲ့ အစောပိုင်းကတည်းက ပြစ်ဒဏ်တချို့ ချမှတ်ခံထားရသူတွေ ဖြစ်ပါတယ်။

ဟောင်ကောင်ကျွန်းကို ဗြိတိန်ကိုလိုနီလက်အောက်ကနေ တရုတ်ပြည်မကြီးထံ လွှဲပြောင်းပေးအပ်ခဲ့တာ ၂၂ ပြည့် အထိမ်းအမှတ်၊ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က အစိုးရဆန့်ကျင် ဆန္ဒပြသူတွေ ထောင်နဲ့ချီ ချီတက်ဆန္ဒပြကြတုန်းက လွှတ်တော်အဆောက်အဦး ပြတင်းတံခါးတွေကို ဖျက်ဆီး၊ ပရိဘောဂတွေ နဲ့ ရုပ်ပုံတွေကို ရိုက်ချိုးရင်း လွှတ်တော်ထဲအထိ ဝင်ရောက်ဆန္ဒပြခဲ့ကြတာပါ။

အဲဒီတုန်းက ဟောင်ကောင်မှာ ရာဇဝတ်မှု ကျူးလွန်တယ်လို့ မသင်္ကာသူတွေကို တရုတ်ပြည်မကြီးကို လွှဲပြောင်းပေးရမယ်ဆိုတဲ့ ဥပဒေပြဌာန်းမယ့်အပေါ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက မကျေမနပ်ဖြစ်ပြီး လတွေနဲ့ချီ ကန့်ကွက်ဆန္ဒပြခဲ့ကြသလို၊ အာဏာပိုင်တွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေ ကြုံနေရတဲ့အချိန် ဖြစ်ပါတယ်။ တရုတ်ပြည်မကြီးအစိုးရ အုပ်ချုပ်မှုအောက်မှာ အခု လွတ်လပ်ခွင့်တွေ ပိုပြီး ဆုံးရှုံးလာတယ်လို့ ဟောင်ကောင်ဒေသခံတွေက ပြောနေကြပါတယ်။

Forum

XS
SM
MD
LG