သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ပြည်ပရောက် မြန်မာတွေ ကန့်ကွက်

စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို နယ်သာလန်ရောက် မြန်မာပြည်သားတွေ အမ်စတာဒမ်မြို့တော်မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို နယ်သာလန်ရောက် မြန်မာပြည်သားတွေ အမ်စတာဒမ်မြို့တော်မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ကြောင်း နယ်သာလန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေက ပေါင်းစုပြီး အမ်စတာဒမ်မြို့တော်မှာ စနေနေ့က ကန့်ကွက်ခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်တွေကို ကာကွယ်ပေးဖို့ လုပ်ဆောင်တဲ့ ဥပဒေဖြစ်လို့ ကန့်ကွက်ရကြောင်း ဒီပွဲကို တက်ရောက်သူ တဦးဖြစ်တဲ့ အမ်စတာဒမ်က မရစ်ချယ်က ပြောပါတယ်။

“စစ်အာဏာရှင်က သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့၊ လူသားဒိုင်း လုပ်ဖို့အတွက် ဖွင့်ထားတဲ့ ဒီ စစ်မှုမထမ်းမနေရဥပဒေကို ဆန့်ကျင်ရတဲ့ ပွဲကိုလုပ်တာ ဖြစ်ပါတယ်။”

မြန်မာပြည်က လူမဆန်တဲ့ လုပ်ရပ်တွေကို ကမ္ဘာသိအောင် အဝေးရောက်မြန်မာတွေက တတ်နိုင်သမျှ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း တက်ရောက်လာသူတွေက ပြောပါတယ်။

မြို့တော်ရဲ့ ရှေးဟောင်းသမိုင်းဝင် မြို့လယ်ခေါင်က အထင်ကရ Dam Square ရင်ပြင်မှာ ကျင်းပတဲ့ အခမ်းအနားကို လူ ၁၅၀ ကျော်ပူးပေါင်း ပါဝင်ခဲ့ပြီး အိမ်နီးချင်း နိုင်ငံ ဘယ်ဂျီယံနိုင်ငံက မြန်မာနွယ်ဖွားတွေလည်း ပါဝင်သလို ဥရောပတက္ကသိုလ်အသီးသီးမှာ ပညာသင်ရောက်ရှိတဲ့ ကျောင်းသားလူငယ်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

၂၀၁၀ ခုနှစ်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒကို ဖေဖော်ဝါရီ ၁၀ ရက် က စတင်ပြီး အာဏာတည်ကြောင်း စစ်ကောင်က အမိန့်ထုတ်ပြန်ထားတာပါ။ စစ်ကောင်စီ ပြောခွင့်ရကတော့ ဒီဥပဒေဟာ နိုင်ငံသားတိုင်း နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ဖို့အတွက် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမယ့် နိုင်ငံတကာက စောင့်ကြည့်လေ့လာနေတဲ့ ကျွမ်းကျင်သူတွေကတော့ လူငယ်လူရွယ်တွေကို စစ်တပ်ထဲ အတင်းအကျပ်သွင်းဖို့ ကြိုးပမ်းချက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာနိုင်ပြီး အရပ်သားတွေကို ရှေ့တန်းမှာ အဓမ္မခိုင်းစေတာ၊ လူသား အကာအကွယ် အဖြစ် အသုံးချတာတွေ လုပ်ဆောင်လာနိုင်တာကို ထောက်ပြနေကြပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ပြည်ပရောက် မြန်မာတွေ ကန့်ကွက်
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG