သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မှာ အပူချိန်အန္တရာယ်ကြောင့် စာသင်ကျောင်း ရာနဲ့ချီပိတ်


ဖိလစ်ပိုင် ကျောင်းသားကလေးငယ်များကို တွေ့ရစဉ် (ဧပြီ ၂၊ ၂၀၂၄)
ဖိလစ်ပိုင် ကျောင်းသားကလေးငယ်များကို တွေ့ရစဉ် (ဧပြီ ၂၊ ၂၀၂၄)

ဖိလစ်ပိုင်နိုင်ငံမှာ အန္တရာယ်ဖြစ်စေလောက်တဲ့အထိ အပူချိန် မြင့်တက်နေတာကြောင့် မြို့တော် မနီလာ အပါအဝင် နိုင်ငံတဝန်းက ရာနဲ့ချီတဲ့ စာသင်ကျောင်းတွေကို ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာ လူကိုယ်တိုင်တက်ရောက် သင်ကြားမယ့်အစီအစဉ်တွေ ဖျက်သိမ်းလိုက်ကြောင်း ပညာရေး အရာရှိတွေက ပြောပါတယ်။

လေထုအတွင်း စိုထိုင်းမှုပမာဏဖြစ်တဲ့ Humidity ပါ ထည့်တွက်ရင် မြို့တော် မနီလာမှာ ဒီကနေ့ အပူချိန်ဟာ ၄၂ ဒီဂရီ ဆဲလ်ဆီးယပ်ရှိနိုင်ပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ၄၃ အထိ ရှိမယ်လို့ ဆိုပါတယ်။​ အလားတူ အပူချိန်တွေ တခြား ဒါဇင်နဲ့ချီတဲ့မြို့တွေမှာလည်း ရှိနိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။​

ဒီကနေ့ မနီလာမြို့တော်ရဲ့ တကယ့်အပူချိန်ဟာ ၃၅.၇ ဒီဂရီ ဆဲလ်ဆီးယပ် ရှိတာကြောင့် ဒါဟာ ၁၉၁၅ ခုနှစ်က စံချိန်တင် အပူချိန်ဖြစ်တဲ့ ၃၈.၆ ဒီဂရီ ဆဲလ်ဆီးယပ်ထက်တော့ လျော့နည်းနေတယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းအရေအတွက် ဘယ်လောက် ပိတ်လိုက်ရတယ်ဆိုတဲ့ စာရင်း အတိအကျကိုတော့ ဖိလစ်ပိုင် ပညာရေးဌာနက ထုတ်ပြန်ခြင်း မရှိပါဘူး။

အလားတူဘဲ အရှေ့တောင်အာရှတိုက်အတွင်းက မြန်မာအပါအဝင် ထိုင်းနဲ့ တခြား နိုင်ငံတွေမှာလည်း ဒီရက်ပိုင်းအတွင်း အပူချိန်တွေ သိသိသာသာ မြင့်တက်နေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG