အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရာမန်ဒန် ဥပုသ်လရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ် Eid al-Fitr ပွဲတော်တွေကို ကမ္ဘာတဝှမ်း ကျင်းပနေပြီး အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံက အာချေးပြည်နယ်မှာလည်း ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပပါတယ်။ ဥပုဒ်ရာသီ ကုန်ဆုံးချိန် သတ်မှတ်တာမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ သတ်မှတ်ချက်အရ ပြက္ခဒိန်အရ သတ်မှတ်တာရှိသလို လကိုမြင်ရတဲ့အချိန်ကစပြီး သတ်မှတ်တာကြောင့်လည်း တနိုင်ငံနဲ့ တနိုင်ငံ သတ်မှတ်ချိန်တွေ ကွာခြားပါတယ်။ ဝတ်ပြုဆုတောင်းပွဲတွေအပြင် စတုဒီသာပွဲတွေနဲ့ လူဒါန်းပွဲတွေလည်း ကျင်းပလေ့ရှိပါတယ်။ ဂါဇာဒေသ ပါလက်စတိုင်းဒေသခံတွေကတော့ တိုက်ခိုက်မှုတွေကြား ပျက်စီးနေတဲ့ ဗလီကျောင်းတချို့မှာ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပကြပါတယ်။ ဂျေရုဆလင်မြို့ဟောင်းက al-Aqsa ဗလီဝန်းထဲမှာလည်း ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပပါတယ်။ ပါကစ္စတန်နိုင်ငံမှာလည်း လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတဲ့ကြား Eid al-Fitr ပွဲတော်တွေ ကျင်းပပါတယ်။
အစ်ပွဲတော် ကမ္ဘာအနှံ့ ဆင်နွှဲ

၁
အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ရာမာဒန် ဥပုဒ်လအဆုံး အစ်နေ့မှာတော့ ဂျာကာတာမြို့တော်က လမ်းမကြီးတွေကို ပိတ်ပြီး အစ်နေ့ဝတ်ပြုပွဲကို ကျင်းပခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာမှာ မွတ်စလင်ဦးရေအများဆုံး ဖြစ်ပါတယ်။ (ဧပြီ ၁၀၊ ၂၀၂၄) အေပီဓာတ်ပုံ/ Dita Alangkara

၂
ရာမာဒန်ဥပုဒ်လအဆုံး အစ်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတမြို့တော်က မွတ်စလင်အမျိုးသမီးတွေ အတူတကွ စုဝေးဝတ်ပြုခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာမှာ မွတ်စလင်ဦးရေအများဆုံး ဖြစ်ပါတယ်။ (ဧပြီ ၁၀၊ ၂၀၂၄) အေပီဓာတ်ပုံ/ Dita Alangkara

၃
အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ရာမာဒန် ဥပုဒ်လအဆုံး အစ်နေ့မှာတော့ တရုတ်နိုင်ငဘေကျင်းမြို့တော်မှာရှိတဲ့ နျူးဂျီဗလီမှာ မွတ်စလင်အမျိုးသားတွေ လာပြီး ဝတ်ပြုနေကြတာပါ။ (ဧပြီ ၁၀၊ ၂၀၂၄) အေပီဓာတ်ပုံ/ Tatan Syuflana

၄
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာရှိတဲ့ ခရိယာန်ဘုရားကျောင်း ပတ်ပတ်လည်လမ်းတွေပေါ်မှာ အစ်နေ့ဝတ်ပြုသူတွေကို တွေ့ရတာပါ။ (ဧပြီ ၁၀၊ ၂၀၂၄) အေပီဓာတ်ပုံ/ Dita Alangkara