ထိုင်းနိုင်ငံမှာ သင်္ကြန်ကာလ ဆင်နွှဲမှုတွေကို ခြိမ့်ခြိမ့်သဲသဲ ဆက်လက်ကျင်းပနေပါတယ်။ ထိုင်းလို ဆွန်ခရန်လို့ခေါ်တဲ့ ဒီသင်္ကြန်ပွဲတော်ကို ဆင်နွှဲဖို့ နိုင်ငံတကာက ခရီးသွားတွေလည်း တကူးတက လာရောက်ကြတာပါ။ နိုင်ငံတကာမျက်နှာစာမှာ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုကို မြှင့်တင်ပေးရာလည်းရောက်၊ စီးပွားရေးအကျိုးအမြတ်လည်း များပြားတာမို့ နိုင်ငံအာဏာပိုင်တွေရော၊ ကြီးကြီး ငယ်ငယ် စီးပွားရေးလုပ်ငန်းရှင်တွေရော ဒီပွဲတော်ကို အထူးအရေးထားပါတယ်။ ၂၀၂၄ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မကြုံဖူးတဲ့အတိုင်းအတာနဲ့ စည်စည်ကားကား ကျင်းပမှာဖြစ်ကြောင်း ထိုင်းခရီးသွားအာဏာပိုင်ဌာန ဆက်သွယ်ရေးလက်ထောက်အကြီးအကဲ Nithee Seeprae က ပြောပါတယ်။
“ထိုင်း ဆွန်ခရန် သင်္ကြန်ပွဲတော်” ဓာတ်ပုံသတင်း

၅
ထိုင်းကနာမည်ကျော် အငှားကားလေးတွေဖြစ်တဲ့ တုတ်တုတ်တွေနဲ့ ရေပက်ခံထွက်ကြသူတွေကိုလည်း တွေ့ရပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄

၆
ထိုင်းနိုင်ငံမှာ အရင်ကတော့ ဧပြီ ၁၃ ရက်နေ့ကစတင်ပြီး ဆွန်ခရမ် ရေသဘင်ပွဲတော်ကို ဆင်နွှဲနေကြပေမဲ့ ဒီနှစ်တော့ တရက်ကြိုပြီး စတင်ခဲ့ပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၄၊ ၂၀၂၄ (ရိုက်တာ/ Chalinee Thirasupa)

၇
ထိုင်းနိုင်ငံရဲ့ ဆွန်ခရမ်ပွဲတော်ဟာ နိုင်ငံတကာမှာလည်း လူသိများပြီး နှစ်စဉ် ခရီးသွားဧည့်သည်တွေ လာရောက်ဆင်နွှဲကြပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၄၊ ၂၀၂၄ (ရိုက်တာ/ Chalinee Thirasupa)

၈
ထိုင်းသင်္ကြန်မှာ မီးသတ်ပိုက်ကိုင်သူတွေက တရားဝင်တာဝန်ပေးခံရတဲ့ ဝန်ထမ်းအရာရှိတွေ ဖြစ်ကြပါတယ်။ စုရုံးကခုန်နေကြသူတွေကို မီးသတ်ပိုက်နဲ့ ရေဖြန်းပေးနေတာပါ။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄