သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း ထောက်ခံသူတွေ အမေရိကန်မှာ ဆန္ဒပြ


ပါလက်စတိုင်း ထောက်ခံသူတဦးကို ဖမ်းဆီးလာစဉ်။ (ဧပြီ ၁၅၊ ၂၀၂၄၊ နယူးယောက်)
ပါလက်စတိုင်း ထောက်ခံသူတဦးကို ဖမ်းဆီးလာစဉ်။ (ဧပြီ ၁၅၊ ၂၀၂၄၊ နယူးယောက်)

ပါလက်စတိုင်း ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေကြောင့် အမေရိကန်က မြို့ကြီးတချို့မှာ မနေ့တုန်းကလေဆိပ်တွေ၊ အဝေးပြေးလမ်းတွေနဲ့ တံတားတွေ ယာယီပိတ်လိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု Illinois, California နဲ့ New York ပြည်နယ်တွေမှာ အဝေးပြေးလမ်းတွေ၊ တံတားတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြတာပါ။ Chicago မြို့က O’Hare အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ San Francisco က Golden Gate နဲ့ နယူးယောက် Brooklyn တံတားတွေလည်း ဆန္ဒပြပွဲတွေကြောင့် ယာယီပိတ်ခဲ့ရပါတယ်။

Chicago မြို့မှာ တနင်္လာနေ့မနက်က ဆန္ဒပြသူတွေကြောင့် တချို့ခရီးသွားတွေ လေဆိပ်ကို ကားတွေထားပြီး၊ ခြေလျင်လျှောက်ခဲ့ကြရပါတယ်။ ပါလက်စတိုင်းဒေသကို စီးပွားရေးအရ ပိတ်ဆို့တားဆီးမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအဖြစ် ဆန္ဒပြသူတွေက လက်ချင်းချိတ်ပြီး လမ်းတွေမှာ ပိတ်ဆို့တားဆီးခဲ့ကြတာပါ။ အလားတူ ဆန္ဒပြခဲ့ကြတာကြောင့် San Francisco မြို့က အထင်ကရ Golden Gate တံတားမှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေ ကြုံခဲ့ရပါတယ်။

ဆန္ဒပြသူတွေကတော့ ဂါဇာဒေသမှာ အစ္စရေးနဲ့ ဟာမတ်စ် အပစ်အခတ် ရပ်စဲကြဖို့ တောင်းဆိုခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့ ဟာမတ်စ်စစ်သွေးကြွတွေ အစ္စရေးကို တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာဒေသကို အစ္စရေးက စစ်ဆင်ခဲ့ရာမှာ သေဆုံးသူ ၃၃၇၀၀ ကျော်သွားပြီလို့လည်း ဂါဇာဒေသ ကျန်းမာရေးဌာနက ပြောဆိုထားပါတယ်။

ပါလက်စတိုင်း ထောက်ခံသူတွေ အမေရိကန်မှာ ဆန္ဒပြ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG