သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလံဘီယာနိုင်ငံက အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးဖြတ်တောက်မည်


 ကိုလံဘီယာသမ္မတ Gustavo Petro
ကိုလံဘီယာသမ္မတ Gustavo Petro

ဂါဇာဒေသက အစ္စရေး-ဟားမတ်စ်စစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေး နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်သွားမယ်လို့ ကိုလံဘီယာသမ္မတ Gustavo Petro က မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အစ္စရေးရဲ့ ခေါင်းဆောင်ပိုင်းဟာ လူမျိုးတုံးသတ်ဖြတ်မှု နဲ့ ဆက်စပ်နေတယ်လို့ ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမှာ မေလ ၁ ရက်နေ့ ပြုလုပ်တဲ့ အလုပ်သမားနေ့ လူထု ချီတက်ပွဲ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

တကယ်လို့ ပါလက်စတိုင်းတွေ သေဆုံးခဲ့မယ်ဆိုရင်၊ လူသားမျိုးနွယ်တွေလည်း သေဆုံးတာဖြစ်ပြီး၊ ကျနော်တို့အနေနဲ့ ဒါမျိုးအဖြစ်မခံပါဘူးလို့ သမ္မတ Petro က ပြောပါတယ်။ အခုလို ကိုလံဘီယာသမ္မတရဲ့ဆုံးဖြတ်ချက်ဟာ Hamas တွေကို လက်ဆောင်ပေးလိုက်တာဖြစ်တယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Israel Katz က ချက်ချင်းပဲ ပြန်တုံ့ပြန်လိုက်ပါတယ်။

Gustavo Petro အနေနဲ့ ကလေးတွေကို မီးရှို့ သတ်ဖြတ်၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး အပြစ်မဲပြည်သူတွေကို ပြန်ပေးဆွဲတဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့သူတွေဘက်က ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာကို သမိုင်းက အမှတ်ရနေမှာဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Katz က X လူမှုကွန်ရက်က ပြောလိုက်ပါတယ်။

အစ္စရေးက Rafah ကို စစ်ရေးအရတိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာပဲ၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant နဲ့ မနေ့က တယ်လီဖုန်းနဲ့ စကားပြောခဲ့ကြပါတယ်။ အစ္စရေးဘက်က ဖြစ်လာနိုင်တဲ့ အဲဒီစစ်ဆင်ရေးရဲ့ လိုအပ်ချက်တွေကို ဆွေးနွေးတဲ့နေရာမှာ ပါလက်စတိုင်း အရပ်သားတွေကို ဘေးလွတ်ရာကိုရွှေ့ပြောင်းဖို့အတွက် ခိုင်မာတဲ့ အစီအစဉ်တွေ နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေကို ပေးနိုင်မယ့် လမ်းကြောင်းတွေကို ဖွင့်ပေးထားဖို့ ကိစ္စတွေ ပါဝင်ဖို့ကို အလေးပေးပြောကြားခဲ့တယ်လို့ အမေရိကန်စစ်ဌာနချုပ် ပန်တာဂွန် ပြောခွင့်ရက ပြောပါတယ်။

ကိုလံဘီယာနိုင်ငံက အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးဖြတ်တောက်မည်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG