သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်က ဂါဇာစစ်ဆန့်ကျင်ရေး ကျောင်းသားသပိတ်စခန်း ဖြိုခွင်းခံရ


ဂါဇာစစ်ပွဲဆန့်ကျင်ဆန္ဒပြသူများကို ပြင်သစ်ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ (မေ ၃၊ ၂၀၂၄)
ဂါဇာစစ်ပွဲဆန့်ကျင်ဆန္ဒပြသူများကို ပြင်သစ်ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ (မေ ၃၊ ၂၀၂၄)

ဂါဇာစစ်ပွဲဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်တက္ကသိုလ်တွေမှာ ကျောင်းသားတွေ စတည်းချ ဆန္ဒပြမှုတွေကို ရဲတွေ ဖြိုခွင်းနေချိန်မှာ တခြားနိုင်ငံတွေက တက္ကသိုလ်ကျောင်းတွေမှာ ဆန္ဒပြမှုတွေ ပျံ့နှံ့ ဖြစ်ပွားနေပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က အထင်ကရတက္ကသိုလ်ကြီးဖြစ်တဲ့ Sciences Po (စီရင်စပို) တက္ကသိုလ်မှာ ကျောင်းသားတွေ သိမ်းပိုက်ဆန္ဒပြနေကြတဲ့ အဆောက်အဦတွေထဲကို ရဲတွေ ဒီနေ့ ဝင်ရောက် ရှင်းလင်းခဲ့ပါတယ်။

စာသင်ခန်းမတွေထဲမှာ နေရာယူဆန္ဒပြနေကြတဲ့ ပါလက်စတိုင်းလိုလားသူ ကျောင်းသား ၇၀ လောက်ကို ရဲတွေက အဆောက်အဦအပြင် ခေါ်ထုတ်ရှင်းလင်းခဲ့ပါတယ်။ စတည်းချ ဆန္ဒပြမှုကို ငြိမ်းငြိမ်းချမ်းချမ်း ဖယ်ရှား ရှင်းလင်းနိုင်ပုံရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဂါဇာစစ်ပွဲနဲ့ တက္ကသိုလ်တွေ အစ္စရေးနဲ့ ဆက်စပ်နေတဲ့အပေါ် ပြင်သစ်နိုင်ငံတဝန်း တက္ကသိုလ်တွေမှာ ဆန္ဒပြနေကြတဲ့ထဲမှာ Sciences Po (စီရင်စပို) တက္ကသိုလ်က အဓိကဖြစ်ပါတယ်။ ဒီနေ့တက္ကသိုလ်ကို ပိတ်ထားပြီး တက္ကသိုလ်ပါတ်လည်မှာ လုံခြုံရေးအထူအထပ် ချထားပါတယ်။

အမေရိကန်ကန်တက္ကသိုလ်ကြီးတွေမှာ ကျောင်းဝန်းတွေထဲ ဝင်ရောက်ရှင်းလင်းတဲ့ ရဲတွေနဲ့ ဆန္ဒပြကျောင်းသားတွေ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံက Mancheste တက္ကသိုလ်၊ Sheffield တက္ကသိုလ် Newcastle တက္ကသိုလ်စတဲ့ တက္ကသိုလ်ကြီးတွေအပါအဝင် တက္ကသိုလ်ကျောင်းတချို့မှာ စခန်းချဆန္ဒပြမှုတွေ ရှိနေပါတယ်။

အလားတူ Australia နိုင်ငံမှာလည်း ပါလက်စတိုင်းလိုလားတဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ နိုင်ငံတဝန်းက ကျောင်းဝန်းတွေထဲမှာ စခန်းချ ဆန္ဒပြနေကြပါတယ်။ အစ္စရေးလိုလားတဲ့ တန်ပြန်ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ပြီးနောက် ဒီနေ့ သောကြာနေ့မှာ တဲတွေထိုး ဆန္ဒပြကြတာဖြစ်ပါတယ်။ Sydney မြို့က ထိပ်တန်း တက္ကသိုလ်ကြီးဖြစ်တဲ့ Sydney တက္ကသိုလ်ဝန်းထဲမှာ တဲတွေတန်းစီထိုးထားတာကို မြင်ရသလို ဆန္ဒပြသူတွေက ပါလက်စတိုင်းအလံတွေကိုင်ပြီး ဂါဇာစစ်ပွဲ အဆုံးသပ်ရေး ကြွေးကျော်သံတွေ ကြွေးကျော် ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ နိုင်ငံအနှံ့တက္ကသိုလ်တွေက ဆန္ဒပြမှုတွေကို ရဲက နှိမ်နှင်းမှုအတွင်း ၂၀၀၀ ထက်မနည်း ဖမ်းဆီးခံရတယ်လို့ အမေရိကန်သတင်းတွေမှာ ဖော်ပြနေပါတယ်။ တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်ပေမဲ့ အကြမ်းဖက်တာကို လက်မခံဘူးလို့ သမ္မတ Joe Biden ကပြောကြားခဲ့ပါတယ်။

ပြင်သစ်က ဂါဇာစစ်ဆန့်ကျင်ရေး ကျောင်းသားသပိတ်စခန်း ဖြိုခွင်းခံရ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG