သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြကျောင်းသားတွေနဲ့ တက္ကသိုလ်တချို့ သဘောတူမှုရရှိ

George Washington တက္ကသိုလ်က ဆန္ဒပြကျောင်းသားများ
George Washington တက္ကသိုလ်က ဆန္ဒပြကျောင်းသားများ

ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တချို့ မှာ ဆန္ဒပြမှုတွေ ရပ်ဆိုင်းထားကြပါတယ်။ ပါလက်စတိုင်းထောက်ခံတဲ့ ကျောင်းသားတွေနဲ့ တက္ကသိုလ်အာဏာပိုင်တွေကြား သဘောတူညီမှုတွေ ရခဲ့ပြီးနောက် ဆန္ဒပြပွဲတွေကို ရပ်ခဲ့ကြတာဖြစ်ပါတယ်။

တက္ကသိုလ် နောက်ဆုံး စာမေးပွဲတွေနဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားတွေကျင်းပလေ့ရှိချိန်မှာ အထင်ကရတက္ကသိုလ်ကြီးတွေဖြစ်တဲ့ Brown တက္ကသိုလ်၊ Northwestern တက္ကသိုလ်၊ Rutgers တက္ကသိုလ်တို့က ကျောင်းအုပ်ချုပ်သူတွေနဲ့ ဆန္ဒပြကျောင်းသားတွေ ညှိနှိုင်းသဘောတူညီမှု ရခဲ့ကြတာပါ။ ဂါဇာစစ်ပွဲရပ်ဖို့နဲ့ တက္ကသိုလ်တွေနဲ့ အစ္စရေး ပတ်သက်ဆက်နွယ်မှုတွေ ရပ်ဖို့ အမေရိကန်တဝန်း တက္ကသိုလ်ကျောင်းတွေမှာ တဲထိုး စခန်းချ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာပါ။

တချို့တက္ကသိုလ်တွေမှာ ဆန္ဒပြသူတွေ စခန်းချထားတဲ့ နေရာတွေကို ရဲတွေ ဝင်ရောက်ရှင်းလင်းခဲ့တာကြောင့် ဧပြီလ ၁၇ ရက်နေ့ထဲကစလို့ တက္ကသိုလ်ကျောင်းဝန်းပေါင်း ၄၆ ခုထဲမနည်းမှာ ဆန္ဒပြသူ ၂၄၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဆန္ဒပြပွဲတွေ ဆက်မလုပ်ဖို့ ကျောင်းအုပ်ချုပ်သူတွေနဲ့ ညှိနှိုင်းနေကြတာမှာ တက္ကသိုလ်ကြီးတွေ အနေနဲ့ အမေရိကန်ရဲ့ ကာလကြာရှည် မဟာမိတ်ဖြစ်တဲ့ အစ္စရေးမှာ ရှိနေတဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို ပြန်လည် သုံးသပ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေပါတယ်။

ဒါပေမဲ့ ကျောင်းအာဏာပိုင်တွေ ကလည်း ဆန္ဒပြသူတွေကို အပြစ်က ကင်းလွှတ်ခွင့် ပေးတာ၊ အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေအတွက် ငွေကြေး ထောက်ပံ့တာတွေ ရပ်ပေးဖို့ လိုက်လျောတာတွေ ရှိပေမဲ့လို့ အစ္စရေးက လုပ်ငန်းတွေနဲ့ ပတ်သက်လို့တော့ အပြောင်းအလဲ လုပ်ဖို့ ကတိပြု ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဆန္ဒပြကျောင်းသားတွေနဲ့ တက္ကသိုလ်တချို့ သဘောတူမှုရရှိ
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG