သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နာယကကြီး ဦးတင်ဦး ကျန်းမာရေးအခြေအနေ ဆိုးရွား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး ဦးတင်ဦး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး ဦးတင်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး ဦးတင်ဦး ကျန်းမာရေးအခြေအနေဆိုးရွားလာတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဆောင်မှာ ကုသမှုခံယူနေရကြောင်း သားဖြစ်သူက ဗွီအိုအေကို ဒီကနေ့ မနက်ပိုင်းက ပြောပါတယ်။
အသက် (၉၈)နှစ်အရွယ် ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးဟာ လေတခြမ်းဖြတ်တဲ့ဝေဒနာခံစားနေရတာပါ။

"အဖေကို နေ့ရောညပါ ဆေးဝါးကုသမှုတွေပေးနေဆဲပါ" လို့ သားဖြစ်သူ ဦးသန့်ဇင်ဦး က ဆိုပါတယ်။

သူရဦးတင်ဦးဟာ မြန်မာနိုင်ငံ အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုမှာ အထူးထင်ရှားတဲ့ တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်ပါတယ်။

NLD ပါတီကို စပြီး ထူထောင်ချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီးတော့ ပါဝင် ဦးဆောင် လာသူဖြစ်ပြီး မြန်မာ့တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းခဲ့ဖူးတာကြောင့်ရော၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အခု အသက်အရွယ်ကြီးရင့်ချိန်ထိ မနားတမ်း အားထုတ်ကြိုးပမ်းလုပ်ဆောင်နေ တာကြောင့်ပါ အများရဲ့ အထူး လေးစားမှုကို ခံယူရရှိထားသူတဦးဖြစ်ပါတယ်။

Forum

XS
SM
MD
LG