နာဇီလက်ထဲကနေ ဥရောပ လွတ်မြောက်ရေးအစပြုတဲ့ D-Day ဒီ-ဒေးကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် အနောက်နိုင်ငံခေါင်းဆောင်တွေ ပြင်သစနိုင်ငံမြောက်ပိုင်း ကမ်းခြေမှာ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဗြိတိန် ဘုရင် တတိယမြောက်ချားလ်ဘုရင်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးတို့ မဟာမိတ်တပ်ဖွဲ့တွေကို ကိုယ်စားပြုတက်ရောက်ပြီး နော်မန်ဒီကမ်းခြေ သဲသောင်ပြင်တွေပေါ်မှာ အသက်ပေါင်းများစွာ စတေးခဲ့ကြတဲ့ ထောင်သောင်းချီမဟာမိတ် တပ်သားတွေကို ဂုဏ်ပြု ဦးညွှတ်ခဲ့ပါတယ်။
D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ်

၁
ပြင်သစ်မြောက်ပိုင်း အူတာကမ်းခြေကို ဝေဟင်ကနေ လေထီးတပ်သားတွေ ဆင်းသက်လာကြတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း နော်မန်ဒီဒေသ ကမ်းခြေတွေကို မဟာမိတ်တပ်ဖွဲ့တွေ ဆိုက်ရောက်တဲ့ နှစ် ၈၀ ပြည့် ဒီဒေးအခမ်းအနား အထိမ်းအမှတ် ဖြစ်ပါတယ်။ ဇွန် ၆၊ ၂၀၂၄

၂
ဒုတိယကမ္ဘာစစ်အတွင်း ဒီ-ဒေးနေ့ နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ကနေဒါနိုင်ငံရဲ့ ဂုဏ်ပြုပွဲမှာ ပြင်သစ်ဝန်ကြီးချုပ် ဂေဘရီရယ် အာတဲလ် (ဝဲ)၊ ဗြိတိန်အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံ (အလယ်)၊ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (ယာ)တို့ လွမ်းသူ့ပန်းခွေ ချခဲ့ကြပါတယ်။ အခမ်းအနားကို ပြင်သစ်အနောက်မြောက်ပိုင်း Courseulles-sur-Mer ကူဆဲလ် ဆုမဲဟ်ရွာအနီး Juno ဂျူနီကမ်းခြေစခန်းသာမှာ ကျင်းပခဲ့ပါတယ်။

၃
ပြင်သစ်နိုင်ငံ နော်မန်ဒီဒေသ Courseulles-sur-Mer ကူဆဲလ် ဆုမဲဟ်ရွာအနီး Juno ဂျူနီကမ်းခြေမှာ ကျင်းပခဲ့တဲ့ ကနေဒါအစိုးရရဲ့ ဂုဏ်ပြုပွဲနဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး၊ ဗြိတိန်အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံနဲ့ ပြင်သစ်ဝန်ကြီးချုပ် ဂေဘရီရယ် အာတဲလ်တို့ နှစ် ၈၀ ပြည့် ဒီ-ဒေးနေ့ အထိမ်းအမှတ် ကျင်းပခဲ့ကြပါတယ်။

၄
အူတာကမ်းခြေမှာကျင်းပတဲ့ ဒီ-ဒေးနေ့ နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာသူတချို့ ဒုတိယကမ္ဘာစစ် အမေရိကန်တပ်သားဝတ်စုံတွေနဲ့ ဝီလီဂျစ်ကားနဲ့ ရောက်လာခဲ့ကြပါတယ်။ ဇွန် ၆၊ ၂၀၂၄