သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ နိုင်ငံတကာမှာ ငတ်မွတ်ခေါင်းပါးမှုဟန့်တားနိုင်ရေး G-7 နိုင်ငံတွေကာကွယ်ပေးဖို့ ကုလ တောင်းဆို

အီတလီနိုင်ငံမှာကျင်းပနေတဲ့  G7 စက်မှု အင်အားကြီးနိုင်ငံများအစည်းအဝေး (ဇွန် ၁၃၊ ၂၀၂၄)
အီတလီနိုင်ငံမှာကျင်းပနေတဲ့ G7 စက်မှု အင်အားကြီးနိုင်ငံများအစည်းအဝေး (ဇွန် ၁၃၊ ၂၀၂၄)

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ လူတွေကြောင့် ဖြစ်ရတဲ့ ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်တွေကို ဟန့်တားနိုင်အောင် G7 စက်မှု အင်အားကြီးနိုင်ငံတွေအနေနဲ့ ကာကွယ်ပေးဖို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

ကြာသပတေးနေ့ အီတလီနိုင်ငံမှာ စက်မှုအင်အားကြီး နိုင်ငံတွေရဲ့ အစည်းအဝေး မစခင် အနောက်အာဖရိကတိုက် နိုင်ငံတခုဖြစ်တဲ့ မာလီနိုင်ငံကနေ မြန်မာနိုင်ငံအထိ ကမ္ဘာ့နေရာတိုင်းမှာ ပဋိပက္ခတွေကြောင့် အငတ်ဘေး ကြုံရနိုင်တဲ့ အခြေအနေကို တွန်းပို့နေတဲ့အကြောင်း Martin Griffiths ကြေညာချက်ထုတ်ပြန်တာကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ဒုတိယ ပြောခွင့်ရ Farhan Haq က ဖတ်ကြားသွားခဲ့တာပါ။

G7 စက်မှုအင်အားကြီးနိုင်ငံတွေအနေနဲ့ လူတွေ ဖန်တီးတဲ့ ငတ်မွတ်ခေါင်းပါးမှုကို ဟန့်တားနိုင်အောင် သူတို့ရဲ့ ဩဇာအရှိန်အဝါကိုသုံးပြီး ကာကွယ်ပေးဖို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲက တိုက်တွန်းပါတယ်။

ဂါဇာကမ်းမြှောင်မှာ အာဟာရချို့တဲ့ပြီး အပြင်းအထန်၊ ဒါမှမဟုတ် အတန်အသင့် နာမကျန်း ဖြစ်နေတဲ့ ကလေးငယ် ၃,၀၀၀ လောက် ဆေးကုသခွင့်မရတဲ့အတွက် သေဆုံးနိုင်တဲ့ အန္တရာယ်ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရံပုံငွေအဖွဲ့ UNICEF ကလည်း သတိပေးနေပြီး ဒီအချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Martin Griffiths ရဲ့ မေတ္တာရပ်ခံချက် ထွက်ပေါ်လာတာပါ။

မာလီနိုင်ငံ Chikun gawa သစ်တောထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က လေယာဉ်ပျက်ကျပြီး ဒုသမ္မတ Dr. Saulos Chilima Klima အပါအဝင် ကိုးဦး သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်မိတဲ့အကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

​
XS
SM
MD
LG