သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ စစ်ကောင်စီ က ကြည်း၊ရေ၊လေ အင်အားသုံး ခုခံနေ


မြန်မာစစ်တပ်သင်္ဘော ရန်ကုန်မြို့အနီးတွေ့ရစဉ် (အောက်တိုဘာ ၆ ၊​၂၀၂၁)
မြန်မာစစ်တပ်သင်္ဘော ရန်ကုန်မြို့အနီးတွေ့ရစဉ် (အောက်တိုဘာ ၆ ၊​၂၀၂၁)

အာရက္ခတပ်တော်AAနဲ့ တိုက်ပွဲတွေ ပြင်းထန်နေ တဲ့ ရခိုင်မှာ စစ်တွေမြို့နယ် ကျေးရွာပေါင်း ၁ဝကျော်က ဒေသခံတွေကို စစ်တွေမြို့တွင်းသို့ အတင်းကြပ်ရွှေ့ပြောင်းခိုင်းနေပြီး လူသားဒိုင်းသဖွယ် အဖြစ် အသုံးပြုဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောဆိုကြပါတယ်။

စစ်ကောင်စီကတော့ ဒီစွပ်စွဲချက်တွေ အပေါ်တုံ့ပြန်တာ မရှိသေးပါဘူး။

စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာက ဒေသခံ (၇၀) ကျော်ကို ဒီလအစောပိုင်းမှာပဲ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အသတ်ခံရသူတွေရဲ့ မိသားစု၀င်တွေနဲ့ AAဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒေသခံ ၅၀‌ ကျော်လောက်လောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးစစ်‌ဆေး နေဆဲဖြစ်ပြီး အဲဒီထဲမှာ နှစ်ဦးဟာလည်း စစ်ဆေးနေချိန် သေဆုံးသွားတယ်လို့ ‌မိသားစု၀င်တွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီဖြစ်ရပ်ကို စုံစမ်းနေဆဲဖြစ်ပြီး ဗျိုင်းဖြူရွာကို လုံခြုံရေးအရ ဒီလအစောပိုင်းက ၀င်ရောက်စစ်ဆေးခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီထဲက သေနတ်လူတဲ့ ဒေသခံ ၃ဦးကို ပစ်သတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ရခိုင်တောင်ပိုင်း သံတွဲမြို့နယ် ငပလီကမ်းခြေတလျောက်မှာလည်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ရှိနေပြီး ရခိုင်ဒသေခံတွေ ကိုသူတို့တပ်တွေ နဲ့နီးရာဘက်ကို စစ်ကောင်စီက အတင်းအကြပ်ရွှေ့ပြောင်းခိုင်းနကြောင်း မျက်မြင်သက်သေ တွေ က ဗွီအိုအေ ကိုပြောပါတယ်။ ဒါအပြင် သံတွဲ မကျရှုံးရေးအတွက် စစ်ကောင်စီဘက်က ကြည်း၊ရေ၊လေ ပူပေါင်းပြီး ခုခံနသေလို ရေတပ်အထူးတပ်ဖွဲ့တွေကိုလည်း အသုံပြုပြီးတော့ ခုံခံတိုက်ခိုက်နေတယ်ကြောင်း ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း အမ်း မှာတည်ရှိနေတဲ့ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အရေးပါးဆုံး တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော်AA က ထိုးစစ်ဆင်တိုက်ခိုက် နေ ကြောင်း ဒေသခံတွေက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာတော့ AA ဘက်က ဘူးသီးတောင်မြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း မောင်တောမြို့နယ်ကို သိမ်းပိုက်နိုင်ဖို့ ဝန်းရံထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲတွေကြားပိတ်မိနေ တဲ့ဒေသခံ ရိုဟင်ဂျာတွေ ရဲ့ အသက်အန္တာရယ်နဲ့ လူသားဖြစ်တည်ခွင့် အပေါ် ထိခိုက်နေ တဲ့ အခြေအနေ ကို အလွန်စိုးရိမ်မိကြောင်း ကုလသမဂ္ဂက ပြောကြားထားပါတယ်။

စစ်ကောင်စီအနေနဲ့ မောင်တောမြို့နယ်မကျဆုံးရေးအတွက် ကြည်းရေ လေ ပူးပေါင်းပြီးတော့ အပြင်းအထန် ခုခံတိုက်ခိုက်နေသလို မြို့နယ်အတွင်း တံတားတချို့ကိုလည်း မိုင်းခွဲဖျက်စီးခဲ့ တာရှိတယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။

Forum

XS
SM
MD
LG