သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး လှုပ်ရှားမှုများ


Today marks Daw Aung San Suu Kyi’s 79th birthday. June 19, 2024 (Facebook/UK in Myanmar)
Today marks Daw Aung San Suu Kyi’s 79th birthday. June 19, 2024 (Facebook/UK in Myanmar)

ထောင်ဒဏ် (၂၇)နှစ် ချမှတ်ထိမ်းသိန်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် မွေးနေ့ ဂုဏ်ပြုလှုပ်ရှားမှုတွေကို နိုင်ငံတကာနဲ့ ပြည်တွင်း မှာ ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် ရှုတ်ချပြီး၊ သူနဲ့အတူ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်အစိုးရအနေနဲ့ ဆက်လက်တောင်းဆိုကြောင်း လွန်ခဲ့တဲ့ နာရီပိုင်းက တင်ထားတဲ့ ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးရဲ့ ဖေ့စ်ဘုတ်ခ်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ လှုံ့ဆော် စွပ်စွဲချက်တွေဆိုတာ ပေါ်လွင်ထင်ရှားတယ်လို့ ဗြိတိန်သံရုံး ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အလားတူ ရန်ကုန် အခြေစိုက် ဂျာမနီသံရုံး ရဲ့ ဖေ့စ်ဘုတ်ခ်မှာ အမျိုးသမီးတဦးရဲ့ ထုံးဖွဲ့ဆင်ယဥ်ထားတဲ့ ဆံပင်မှာ နှင်းဆီတပွင့် ပန်ဆင်ထားတဲ့ ပုံကိုတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုထားပါတယ်။ နော်ဝေးနဲ့ ဒိန်းမိတ်သံရုံးတွေရဲ့ ဖေ့စ်ဘုတ်ခ်တွေပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပန်ဆင်လေ့ရှိတဲ့ နှင်းဆီပန်းတွေနဲ့ နိုင်ငံအလံတွေ ယှဥ်တွဲပြီးရိုက်ထားတဲ့ ဓါတ်ပုံတွေကို တင်ပြီး မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်လှုပ်ရှားမှုတွေကို ထောက်ခံကြောင်းပြသထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ သူအပါအ၀င် မတရားထိမ်းသိန်းဖမ်းဆီးထားသူတွေအားလုံးလွှတ်ပေးရေး လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံ တဝှမ်းအပါအ၀င် နိုင်ငံတကာမှာ လှုပ်ရှားနေကြတဲ့ သတင်းတွေကို ဗွီအိုအေနဲ့ ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Forum

XS
SM
MD
LG