သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟက်ဇ်ဘူလာအဖွဲ့ကို အိမ်နီးချင်းနိုင်ငံတွေက တိုက်ခိုက်ရေးသမားတွေ ကူနိုင်ခြေရှိ


 အီရန် ကျောထောက်နောက်ခံပေးထားတဲ့ Hezbollah တိုက်ခိုက်ရေးသမားများ
အီရန် ကျောထောက်နောက်ခံပေးထားတဲ့ Hezbollah တိုက်ခိုက်ရေးသမားများ

အစ္စရေးနဲ့ Hezbollah အကြား တဖြည်းဖြည်းကြီးထွားလာနေတဲ့ ပဋိပက္ခကနေ စစ်ပွဲအဖြစ် အသွင်ပြောင်းသွားခဲ့ရင် အရှေ့အလယ်ပိုင်း အိမ်နီးချင်းနိုင်ငံတွေမှာ ရှိနေကြတဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့တွေက တိုက်ခိုက်ရေးသမားတွေ လက်ဘနွန်နိုင်ငံကိုလာပြီး Hezbollah အဖွဲ့ဘက်က ဝင်ရောက် တိုက်ခိုက်ပေးဖို့ အဆင်သင့်ရှိနေကြတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဂါဇာအခြေစိုက် ဟာမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံအတွင်း မနှစ် အောက်တိုဘာလတုန်းက အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း အစ္စရေးနိုင်ငံမြောက်ပိုင်း လက်ဘနွန်နယ်စပ်မှာ နေ့စဉ်နီးပါး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတာပါ။

လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ Hezbollah အဖွဲ့ရဲ့ အကြီးတန်းအရာရှိတဦး အစ္စရေးရဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီးတဲ့နောက် ဒီလထဲမှာ အခြေအနေတွေဟာ တဖြည်းဖြည်း ဆိုးရွားလာနေတာပါ။ သူတို့ဘက်က ခေါင်းဆောင်တဦး သတ်ဖြတ်ခံလိုက်ရတာကို လက်စားချေတဲ့အနေနဲ့ Hezbollah အဖွဲ့ကလည်း အစ္စရေးနိုင်ငံမြောက်ပိုင်းကို ရာနဲ့ချီတဲ့ ဒုံးကျည်တွေနဲ့ တန်ပြန်ပစ်ခတ်ခဲ့ပါတယ်။

သူတို့နယ်စပ်ကနေ Hezbollah တပ်ဖွဲ့တွေ ဆုတ်ခွာသွားရေး တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာမရရင် Hezbollah အဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ အစ္စရေးကလည်း ပြောပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ ၁၃ နှစ်ကြာ ပြည်တွင်းစစ်မှာလည်း အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ လက်ဘနွန်၊ အီရတ်၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတို့က တိုက်ခိုက်ရေးသမားတွေ ဝင်ရောက်တိုက်ခိုက်ပေးခဲ့တဲ့အတွက် ဆီးရီးယားသမ္မတ Bashar al-Assad ဘက်က အသာစီးရသွားခဲ့ပါတယ်။

Forum

XS
SM
MD
LG